အပိုင်း (၆၀)

10.6K 395 25
                                    

Unicode......

''သမီး ရုံးသွားတော့မလို့လား''

ကိုယ့်ဘာသာရုံးသွားဖို့ ပြင်ဆင်ပြီးအောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲကအဖေက လှမ်းမေးသည်။
ဧည့်ခန်းထဲကိုတစ်ချက်ကြည့်လိုက်တော့
အဖေ့အပြင် ဒေါ်ထိပ်ထားနေ၏သားပါ ရှိနေတာမို့ ဝင်ထိုင်ချင်စိတ်ကမရှိတော့....

''ဟုတ်ကဲ့...ပြောစရာရှိလို့လား''

''အင်း ဒါပေမဲ့ သမီးညနေရုံးဆင်းမှ အေးဆေးပြောရအောင် ရတယ်မလား ''

''ရပါတယ် ပြန်လာမှပြောတာပေါ့
ဒါနဲ့....သူစိမ်းတွေကို မဆိုင်တဲ့အခန်းတွေဆီ ပေးမဝင်ပါနဲ့
သမီး သွားပြီ''

ခြံရှေ့ရောက်တော့ လနဲ့ချီအောင် နေ့စဥ်မပြတ်လာပို့လေ့ရှိသော မနက်စာကိုတွေ့လိုက်ရသည်။
စိတ်ထဲမှာ နည်းနည်းကျေနပ်သလိုဖြစ်သွားပြီး
ဘူးလေးအားယူကာ ကုမ္ပဏီဆီသို့ထွက်လာခဲ့လိုက်တော့သည်။

.
.
.
.
.
.
.
.
အလုပ်ဆင်းတော့မှာမို့ နာရီကြည့်လိုက်တော့ ခြောက်နာရီတောင်ကျော်နေပြီဖြစ်သည်။
ဘောစ့်အဂ္ဂသည်တော့ သူ့ကောင်မလေးအလောင်းအလျာနဲ့အတူ အလုပ်စောဆင်းသွားပြီမို့ မိုးတစ်ယောက်တည်းသာ လက်မှတ်ထိုးစရာတွေအား ပြန်စစ်ပြီးအလုပ်ဆင်းဖို့ပြင်လိုက်သည်။

ကိုယ့်စီးတော်ယာဥ်ဆိုင်ကယ်လေးဆီသို့ လျှောက်လာရင်း ထုံစံအတိုင်း တစ်စီးစနှစ်စီးစရပ်ထားသော ကားများကို ငေးကြည့်လာမိသည်။
မိုးလည်း ကားဝယ်နိုင်တော့မှာပါ...
ကုမ္ပဏီမှတစ်ဆင့် အရစ်ကျဝယ်ရင်ရနေတာကို ကြီးကြီးကျယ်ကျယ်လုပ်ပြီး တစ်ပုံတည်းဝယ်မယ်လုပ်ကာ ငွေရအောင်စုနေတာမို့ မဝယ်ဖြစ်သေးခြင်းဖြစ်သည်။

သီပေါအိမ်ကဆင်းလာတုန်းကဆို ဆိုင်ကယ်လေးတောင်ရှိခဲ့တာမဟုတ်....
ဖွားဖွားချန်ပေးခဲ့တဲ့ ငွေသားထဲကနေ
အလုပ်မဝင်ခင်ထုတ်ဝယ်ထားရခြင်းဖြစ်သည်။
သူများသားသမီးလေးတွေ ကားလေးတွေကိုတဝီဝီနဲ့မောင်းနေကြတိုင်း မိုးမှာ သူတို့လိုမောင်းချင်တာမှ အလွန်ပဲ...
တကယ်လည်းဝယ်မယ်ဆိုရော
ပိုက်ဆံစုလိုက်ရတဲ့အစု ပြည့်မပြည့်နိုင်ဘူး....

Falling in love with Sunflower 🌻(Completed)Where stories live. Discover now