အပိုင်း (၇၂)

10.6K 450 21
                                    

Unicode.....


''ကိုကိုတောင်းပန်ပါတယ်
ကိုကို့ကြောင့်ပါ
ကိုကို ငယ့်ကိုတစ်ယောက်တည်းမလွှတ်လိုက်သင့်ဘူး''

''ကိုကို့အမှားမဟုတ်ပါဘူး
သူတို့ကိုကသက်သက်မဲ့ရန်လာစတာ''

''အဲဒါလည်း ကိုကို့ပယောဂမကင်းပါဘူး
ကိုကိုတောင်းပန်ပါတယ်''

''ရပါတယ်''

ရန်စစ်သည် သူ့ရင်ခွင်ထဲ၌  ငြိမ်နေသော ကောင်မလေးကိုတင်းနေအောင် ပိုတိုးဖက်ထားရင်း
ဗလောင်ဆူနေသောစိတ်ကိုထိန်းနေရသည်။
ငယ့်ဆီက အကြောင်းစုံကြားပြီးကာမှ သူ့ကိုယ်သူပိုပြီးအပြစ်တင်လို့မဆုံးဖြသ်လာရသည်။
သူ့မျက်လုံးထဲမှာ ဟိုကောင် ငယ့်လည်ပင်းကိုကိုင်ထားသည့်မြင်ကွင်းက ဘယ်လိုမှဖျောက်လို့မရ...။
သူသာနောက်ကျသွားရင် ငယ်တစ်ခုခုဖြစ်သွားနိုင်သည်။
အဲဒီလိုသာဆို သူရင်ကျိုးရလိမ့်မည်....။

ရင်ခွင်ထဲကငယ့်ကို ပခုံးလေးကိုင်ကာ ခဏဆွဲထုတ်ရင်း လည်ပင်းကိုထပ်စမ်းကြည့်လိုက်သည်။
ဖွေးနုနေသောငယ့်လည်ပင်းတွင် ဘာဒဏ်ရာမှရှိမနေသော်ငြား သူ့မှာပူလောင်နေရသည်။
ဒါနဲ့ဆို သူဘယ်နှကြိမ်မြောက် စစ်ဆေးကြည့်မိတာမှန်းမသိတော့....။

''ကိုကို ကိုကို့လက်ကိုကြည့်ပါဦး''

ငယ်သည်အသံတုန်တုန်လေးနဲ့ပြောလာတော့မှ
သူ့လက်ကိုသူပြန်ကြည့်မိသည်။
ဟိုကောင့်ကိုဆက်တိုက်ထိုးခဲ့တာရော
သူ့ကိုယ်သူဒေါသထွက်လို့ ကားပါကင်မှာနံရံကိုထိုးခဲ့တာရောကြောင့် လက်ဆစ်များသည် ပေါက်ပြဲနေကာ သွေးစတွေဖြင့်ပေပွနေသည်။

''ကိုကိုရယ် ငယ်တော့ရူးချင်တာပဲ
ကိုကိုဘယ်လောက်နာနေမလဲ''

ငယ်သည် သူ့လက်ခုံအား ပါးပြင်၌ကပ်ကာ တအိအိငိုတော့သည်။ငိုနေရင်း တခြားလက်တစ်ဖက်ကိုပါဆွဲယူကြည့်နေသေးသည်။
တအိအိငိုနေသောငယ့်ကိုကြည့်ရင်း သူသက်ပြင်းတွေခဏခဏချမိသည်။
ငယ်နဲ့ထိပ်တိုက်တွေ့ခဲ့သောကောင်သည်
ဆေးကြောင်နေသောကောင်ဖြစ်သည်။
နောင်ရိုးကားလုပ်ငန်းစုရဲ့ သားအငယ်ဖြစ်သူက သားအကြီးလိုမဟုတ်ဘဲ ဘယ်လောက်ဆိုးသွမ်းကြောင်း သူတို့လုပ်ငန်းအသိုင်းအဝိုင်းထဲမှာ လူတိုင်းသိပြီးသားဖြစ်သည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now