အပိုင်း (၂၇)

7.3K 322 4
                                    

Unicode.....

Ring....Ring....Ring....

''Hello''

''Happy birthday ပါ မီးငယ်လေး''

''အယ် ဖွားဖွားမှတ်မိနေတာလား''

''မှတ်မိတယ်ပြောရင် ဖွားက ညာရာကျဦးမယ်
မြေးအခန်းထဲရှင်းရင်းနဲ့ မြေးရဲ့ ကျောင်းသားကဒ်တွေတွေ့လို့ မှတ်ထားတာ''

''အမ် သမီးအခန်းက ရှင်းစရာဘာမှမရှိပါဘူး ဖွားရဲ့ ''

''သြော် ရှင်းတယ်ရယ်လို့လဲမဟုတ်ပါဘူးကွယ်
လိုအပ်တာလေးတွေ ဖြည့်ရင်းနဲ့ပေါ့ မြေးလဲ
နောက်လဆို စာမေးပွဲဖြေပြီး ပြန်လာတော့မှာမို့လား''

''ဟုတ် ဖွား လိုတော့လိုပါသေးတယ် လကုန်လောက်မှစာမေးပွဲ ပြီးမှာ''

''အေးအေး မွေးနေ့မှာ ပျော်ရွှင်ပါစေ ကွယ်
လက်ဆောင်ကို ပြန်လာခါမှပဲ ပေးတော့မယ်နော်''

''ဟုတ် ဖွားရော နေကောင်းတယ်မို့လား''

''ကောင်းပါ့ရှင် ဒါနဲ့ ဟိုတလောက မြေးအဖေလာသေးတယ်ဆို''

''ဟုတ် ဒေါ်ထိပ်ထားမေလဲပါတယ် ဖွား''

''မြေးကို ဘာတွေပြောသွားသေးလဲ ''

''ဘာမှမပြောပါဘူး ဖွားရဲ့''

''အင်း  ဖွား ဘုရားကန်တော့ချည်ဦးမယ်
သတိတွေက မေ့တဲ့အရွယ်ရောက်ပြီမို့
နိုးနိုးချင်းသတိရတုန်း ဖုန်းဆက်ရတာ ''

''ဟုတ်ကဲ့ ဖွားဖွား ကျန်းမာရေးဂရုစိုက်နော်''

''မြေးလဲ ဂရုစိုက်ကွယ် တစ်ခုခုဆို ဖုန်းဆက်
ကဲ ဖွားဖုန်းချပြီ''

''ဟုတ်''

ဖွားဆီက ဖုန်းချသွားတော့မှ နာရီကြည့်လိုက်တော့ မနက်ငါးနာရီခွဲ..။
မစောတော့ပါဘူးလေဟု တွေးကာ အိပ်ယာမှထရင်း ရေတစ်ခွက်သောက်လိုက်သည်။

အိပ်ရာသိမ်းပြီးနောက် မျက်နှာသစ်သွားရင်း ရာသီဥတုက အိုက်စပ်စပ်မို့ ရေပါတစ်ခါတည်းဝင်ချိုးလိုက်သည်။

ရေချိုးပြီးတော့ အခန်းထဲရောက်တော့ ခင်ခင်က ခင်ခင်ကနိုးပင်မနိုးသေး။

စာကြည့်စားပွဲ၌ထိုင်ကာ ဖုန်းဖွင့်ချိန်၌ မမျှော်လင့်ထားသော သူထံမှ မက်ဆေ့များရောက်နေသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now