အပိုင်း (၇၄)

11.8K 428 29
                                    

Unicode...................

မိနစ်ပေါင်း ငါးသိန်းတစ်သောင်းရှစ်ထောင့်လေးရာ
နာရီပေါင်း ရှစ်ထောင့်ခြောက်ရာ့လေးဆယ်
ရက်ပေါင်း သုံးရာ့ခြောက်ဆယ်ခန့် ကျော်လွန်ခဲ့ပြီးနောက်..........

''သမီး စာရင်းထဲမှာ ဘာလိုသေးလဲ''

''ဘာမှမလိုတော့ဘူး မာမီ
ဘုရားပန်းဝယ်ဖို့ပဲကျန်တယ်''

''အေး ဒါဆို ဘုရားပန်းရောင်းတဲ့ဘက်သွားရအောင်''

ကိုကို့မာမီနဲ့အတူ စျေးခြင်းတောင်းကြီးဆွဲရင်း
အသားတန်း ငါးတန်း အသီးအရွက်တန်းအကုန်ပတ်ပြီးနောက် အခုဘုရားပန်းတန်းကိုရောက်သွားရပြန်ပါပြီ...။
မနက်ဖြန် လေဒီ့မွေးနေ့အတွက် အိမ်မှာ ဆွမ်းကပ်မှာမို့ ချက်ပြုတ်ရန်တစ်ရက်ကြိုပြီးဝယ်ခြမ်းနေရခြင်းဖြစ်သည်။
ရုံးကိုတောင်တစ်ရက်ခွင့်ယူပြီး မိုးလင်းကတည်းက ကိုကိုတို့အိမ်ရောက်နေခြင်းဖြစ်သည်။

ဘုရားပန်းတန်းရောက်တော့ မာမီသည် ဂန္ဓမာပန်းအဝါရောင်အစည်းငါးစည်းနှင့် နှင်းဆီပန်းအဝါရောင်
သုံးစည်းကိုဝယ်လိုက်သည်မို့ မိုးမှာမျက်လုံးပြူးရသည်။

''မာမီ ပန်းတွေကအများကြီးပဲ''

''သြော် ဘုန်းကြီးကျောင်းအတွက်လည်း လှူလိုက်ဦးမှာလေ ငါ့သမီးအိမ်ရော ဘုရားပန်းနွမ်းပြီလား''

''မနွမ်းသေးဘူး မာမီ
မနေ့ကမှလဲထားတာ''

''အေးပါ ကောင်းတယ်
နေ့တိုင်းရေလဲပေး ဘုရားပန်းကိုလည်း ခြောက်သွေ့နွမ်းဖတ်နေတဲ့အထိ မထားနဲ့
မိန်းကလေးဆိုတာ ကျန်တဲ့အိမ်မှုကိစ္စမနိုင်နင်းရင်တောင် ကိုးကွယ်တဲ့ဘုရားကိုတော့ သပ်ပါယျအောငျ ထားရတယ်''

''ဟုတ်ကဲ့ မာမီ''

ကိုကို့မာမီသည် စေ့စပ်ပြီးကတည်းက မိုးနဲ့တော်တော့်ကိုရင်းနှီးလာတာဖြစ်သည်။
ဟိုဟာ သင်ပြ ဒီဟာသင်ပြနဲ့ ကိုကို့မာမီဆီကနေကို ဟင်းချက်နည်းအပြင် တခြားပညာများဖြစ်သော ချစ်သူအား ရစ်နည်း ဆိုးနည်း ချွဲနည်းများကိုပါတတ်မြောက်နေပြီဖြစ်သည်။

''ဒါဆို သင်္ကန်းဝင်ယူပြီးရင် ပြီးပြီနော်
ဟိုကိတ်မုန့်ရယ် အချိုပွဲကိစ္စတွေရယ်က နွယ်တာဝန်ယူလိမ့်မယ်''

Falling in love with Sunflower 🌻(Completed)Where stories live. Discover now