အပိုင်း (၇၀)

10.8K 437 43
                                    

Unicode........

''မိုးသည် ကိုကိုတို့အိမ်ဧည့်ခန်းထဲ၌ငြိမ်ငြိမ်လေးထိုင်နေရင်း ကိုကိုပြန်အလာကိုစောင့်နေရသည်။
ကိုကို့မာမီသည် အိမ်ကနေပဲလိုက်စောင့်လိုက်တော့ဟုဆိုကာ အိမ်ထိခေါ်ချသွားတာမို့ မိုးလည်းကြောက်ကြောက်နဲ့လိုက်လာရခြင်းဖြစ်သည်။
ရုံးပိတ်ရက်ဖြစ်သော်လည်း ကိုကိုတို့အိမ်တွင်လူမစုံဘဲ လေဒီတို့စုံတွဲသည်လည်း ဘုန်းကြီးကျောင်းကိုကိစ္စတစ်ခုနဲ့သွားနေကြပြီးကျန်တဲ့သူများကလည်း သူ့ဟာနဲ့သူ အပြင်ထွက်နေကြသည်။

''သမီး ရော့ ဒီပုံလေးကြည့်ကြည့်''

မိုးသည် ကိုကို့မာမီပေးလာသော ဓာတ်ပုံလေးကိုကြည့်လိုက်တော့ ကလေးလေးတစ်ယောက်ပုံဖြစ်နေသည်။ကြည့်ရတာ တစ်နှစ်ခွဲ နှစ်နှစ်လောက်ဖြစ်နိုင်သည်။အံမယ် ဘောင်းဘီမပါဘဲ အပေါ်ကအင်္ကျီလေးသာဝတ်ထားတာမို့ ဖွားဖက်တော်လေးတန်းလန်းနှင့် ကလေးလေးကရယ်မောနေသည်။

''အန်တီ....အဲလေ မာမီ
မဟုတ်မှလွဲရော ဒါကိုကိုငယ်ငယ်ကပုံလား''

''ဟုတ်ပါ့ ဟုတ်ပါ့
ငါ့သမီးကိုလက်ဆောင်ပေးတာ''

''အယ် ကိုကိုသိရင် ကောင်းပါ့မလား''

''မာမီကပေးတာပဲ ဘာဖြစ်လဲ
သူက ဒီပုံနဲ့စရင်တအားစိတ်ဆိုးတာ
သမီး စကြည့်လိုက်''

''ဟုတ်ကဲ့ ဟီးဟီး''

ထိုစဥ် ခြံထဲသို့ကားမောင်းဝင်လာသံကြားရတာမို့ ကိုကိုပြန်လာပြီဆိုတာကို သိလိုက်ရသည်။
မိုးလည်း တံခါးဘက်ကိုကြည့်ရင်း ကိိုကိုဝင်အလာကိုမျှော်နေမိသည်။
ကိုကိုသည် အိမ်ထဲသို့ဝင်လာရင်းမိုးကိုရှာသလိုဖြင့်
ဧည့်ခန်းထဲသို့တန်းဝင်လာသည်။

''ငယ် အခုမှပြန်ရောက်ကြတာလား''

''ပြန်ရောက်တာက ကြာပါပြီ
မာမီနဲ့စကားပြောနေတာ''

''အင်းပါ''

''၁၁နာရီတောင်ကျော်နေပြီ ထမင်းစားသွားကြပါ့လား''

ကိုကို့မာမီစကားကြောင့် ကိုကို့ကိုတစ်ချက်ကြည့်လိုက်မိသည်။တော်ကြာ ရွှေစိတ်တော်ညိုနေမှဖြင့်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now