အပိုင်း (၃၈)

7.2K 314 7
                                    

Unicode.......

''ဘဝမှာ ဓာတ်ပုံလေးတစ်ပုံကြောင့် ဒီလောက်ထိရင်ပူရလိမ့်မည်ဟုမထင်ခဲ့ဖူးပါ။
အချိန်အခါမဟုတ်ရွာနေသောမိုးကြောင့်
ရာသီဥတုသည်အေးစက်နေပေမဲ့ မိုးအတွက်တော့ စိတ်ထဲမှတုန်လှုပ်မှုတို့ကြောင့် ပူလောင်နေရသည်။

အမရာ ဟူသောအကောင့်မှ ကိုကို့အကောင့်အားtagတွဲကာတင်ထားသောပုံတစ်ပုံကြောင့်
မိုးမှာ ဒေါသထွက်နေရသည်။

ပုံထဲတွင် ကိုကိုသည် ထိုမိန်းမ၏ ဆံပင်အားဖြီးပေးနေကာ မျက်နှာမှာလည်းပြုံးနေသေးသည်။
မိုးသိသလောက် ကိုကို့မှာ အစ်မလည်းမရှိသလို ဒီလိုရင်းနှီးသောမိန်းကလေးရှိသည်ဟုလည်းမကြားဖူးပါ။

''ယံယံလေးက အကောင်းဆုံးပဲ''ဆိုသော စာသားကြီးနှင့်ပုံကိုတွေ့တွေ့ချင်း အံ့သြမှင်သက်ကာ ဒေါသတွေထောင်းခနဲထွက်လာပြီး
ကိုကို့ကိုဖုန်းချက်ချင်းဆက်ခဲ့သည်။
သို့သော် ထိုကိုကိုမှာ ဖုန်းပင်မကိုင်နိုင်ပေ...။
ဆံပင်ဖြီးပေးပြီးတော့ ဘာတွေဆက်လုပ်နေကြမှန်းမှမသိတာ။

ဖုန်းကို အခါနှစ်ဆယ်လောက် ဆက်တိုက်ခေါ်နေသော်လည်း ကိုင်မဲ့သူကမရှိပေ။
ကြာလာတော့ ဒေါသတွေအစားစိုးရိမ်စိတ်တွေဝင်လာသည်။
ကိုကိုသည် မိုးလိုချာတိတ်လေးကို အတည်ချစ်တာရောဖြစ်နိုင်ပါ့မလား....။
ရှေ့မှာ ရည်းစားတွေထားခဲ့ဖူးသောကိုကိုသည်
မိုးကိုရော အပျော်တွဲနေတာများလား.....။
ဒီအစ်မကြီးကရော ကိုကိုရဲ့ ချစ်သူပဲလား...။

ကိုကို့wallထဲဝင်ကြည့်မှ ကိုကိုတင်ခဲ့ဖူးသော
shareခဲ့ဖူးသော postတိုင်းမှာ အမရာ ဆိုသောအစ်မကြီး၏ reactများကိုတွေ့ခဲ့ရသည်။
အရင်ကတော့ reactပေးတာလောက်ထိလိုက်မကြည့်မိပေမဲ့ အခုမြင်တော့မှ စိတ်ထဲမှာ ပိုသံသယများလာရသည်။
သူငယ်ချင်းတွေဟုဆိုရအောင်လည်း အစ်မကြီးက အသက်ပိုကြီးမည့်ပုံပင်။

သို့လော သို့လောအတွေးများနှင့် တစ်နေ့လည်ခင်းလုံးလောင်နေသည်မှာ ထမင်းလည်းမစားနိုင် ရေလည်းမချိုးနိုင်။
စိုးရိမ်စိတ်တွေဝင်လာလိုက်...
ဒေါသတွေဖြစ်လိုက်နှင့် ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြလာရသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now