အပိုင်း ( ၁၄ )

8.1K 337 2
                                    

''မိုး ငါတို့လဲ နင်နဲ့မှ တူတူအတန်းတက်တော့မယ် ဟီးဟီး ''

''အံမယ် မရပါဘူး accounting ချိန်ကြီးကို မလစ်နဲ့လေ နင်တို့ပါလစ်ရင် စာဘယ်လိုလုပ်ကြမလဲ ''

''နင်ကလဲ ''

''နင်ကလဲ လုပ်မနေနဲ့ သွား မေမေကလဲ ခနတင်ရယ် ခရီးသွားရင်းနဲ့ ဟင်းဝင်ပေးမှာ ပြီးတာနဲ့ တန်းပြန်မှာ ငါလဲ မေမေပြန်တာနဲ့ ချက်ချင်း တန်းလာမှာ အိုခေ''

''ဟွန့် အိုခေ အိုခေ''

စူပုပ်စူပုပ်မျက်နှာများနှင့် ခင်ခင်တို့သုံးယောက်ထွက်သွားကြတာကြည့်ပြီး မိုးမှာ ရယ်ရင်းကျန်နေခဲ့သည်။

မေမေသည် အလုပ်ကိစ္စနှင့် နယ်ဘက်ဆင်းစရာရှိသောကြောင့် ခရီးသွားရင်း မိုးဆီ
ဟင်းနှင့် မုန့်များ ဝင်ပို့ခြင်းဖြစ်သည်။

Ring....Ring....

''Hello မေမေ''

''.....''

''ဟုတ်ဟုတ် သမီးအောက်ထပ်ဆင်းစောင့်နေမယ်  ဖြေးဖြေးမောင်းခဲ့နော်''

''....''

မေမေ့ဆီကဖုန်းရပြီးတာနဲ့ အောက်ထပ်ကနေဆင်းစောင့်နေမိသည်။ မတွေ့ရတာလဲ ၂လနီးပါးတောင်ရှိနေပြီဖြစ်သည်။

အဆောင်ထဲသို့ မေမေ့ကားလေးဝင်လာတာနဲ့ ကားနားထိ ပြေးကြိုပြီးဖားရသည်။

''hello မေမေ ဝလို့ လှလို့ပဲနော် ရိုးမှရိုးရဲ့လား ''

''ကဲ အမေကို မြင်ရင် စဖို့ချည်းပဲနော် မေမေ့သမီးလဲ မြန်မာဝတ်စုံလေးနဲ့ကျ အပျိုမကြီးကျနေတာပဲ အလှတွေပြင်နေတာပဲ ရိုးရောရိုးရဲ့လားရှင့်''

''အယ် ရိုးပါ့ ခနနေ အတန်းသွားတက်မှာမို့ ပြင်ထားတာပါနော် မေမေကလဲ''

''hello အန်တီမေရီ အိပ်ရေးဝရဲ့လား''

''ညည်းအမေမောင်းရင် ကားလေးက ငြိမ့်နေတာပဲ အဲတော့မအိပ်ချင်ပဲနေမလား ''

''ဟီး ပစ္စည်းတွေ ကူချပေးမယ်လေ ဘာတွေပါလဲ အရမ်းသိချင်နေပြီ''

''အမလေး အမေနေကောင်းလား မမေးဘူး သူ့မုန့်တွေပဲမေးနေတယ် ကျွေးချင်မွေးချင်စရာလေး ''

Falling in love with Sunflower 🌻(Completed)Where stories live. Discover now