အပိုင်း (၄)

12.6K 443 2
                                    

နာရီကြည့်လိုက်တော့ နေ့လည် (၂)နာရီကျော်နေပြီ ဖြစ်သည်။

အိမ်မှာနားနေသော်ငြား မန္တလေးမှာဖွင့်ရန် စီစဥ်ထားသော Entertainment ဆိုင်ရာ အဆောက်အဦး အသစ်အကြောင်း ပြန်ကြည့်နေ၏။

အဂ္ဂတို့ construction နှင့် Groupတစ်ခုတည်းဖြစ်သောကြောင့် ပုံမှန်ဆိုလျှင် အရမ်းကြီးတော့အလုပ်မရှုပ်ပေ။

သို့ပေမယ့် ဒိတစ်ခေါက် designပိုင်းဆိုင်ရာများကို ကိုယ်တိုင်ရေးဆွဲထားတာကြောင့် ညှိစရာလေးတွေရှိနေပြီဖြစ်သည်။
မိုးညို ( ရန်စစ်၏ Personal assistant) ထံမှ မနက်ဖြန်မနက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ဖုန်းရထားရာ ယခုကတည်းကပင် သေချာပြန်ကြည့်နေရသည်။
သေချာပြန်ကြည့်ပြီးသည့်နောက်တွင် ၅ နာရီကျော်နေပြီဖြစ်သည်။ နောက်ဆိုလျှင် အားတော့မည် မဟုတ်သောကြောင့် ဘော်ဒါတွေဆီ သွားမည်ဟုဆုံးဖြတ်ကာ ရေထချိုးလိုက်သည်။

'' Hello ထွဋ်ခေါင် မင်း ခုဘယ်မှာလဲ ။ ငါလာမလို့ဆိုင်မှာပဲလား။ ''

''အေး လာခဲ့လေ။ခု ငါလဲ ဆိုင်သွားတဲ့ လမ်းမှာပဲ။''

''အေးအေး ။ ငါလာခဲ့မယ် ...။''

ဘော်ဒါဆီကိုဖုန်းဆက်ပြီး ဆိုင်ကယ်သော့ယူကာ ထွက်ခဲ့သည်။ မန္တလေးရောက်တုန်း ကားမောင်းတာ နားထားပြီး ဆိုင်ကယ်နဲ့သာ သွားချင်သည်။
.......

'' hello ပျိုပျို ငါ အိမ်ပဲ ပြန်လိုက်တော့မယ်။ အကျီလာမယူတော့ဘူး။Sundayမှ လာယူတော့မယ်နော်။''

''အာ အိုခေပါ။ ဂရုစိုက်ပြန်ဦးနော်။တစ်ခုခုဆို ဖုန်းဆက် ကြားလား။''

''ဟုတ်ပါပြီ ဖုန်းချလိုက်ပြီနော်။''

''အေးအေး။''

ပျိုပျို့ဆီဖုန်းဆက်ပြီး အိမ်သို့တန်းပြန်လာလိုက်သည်။

နေ့ခင်းကတည်းက friend request တစ်ခုကြောင့် စိတ်က ဂဏှာမငြိမ်လှပါ။
အိမ်ပြန်ရောက်တာနှင့် ခနနားပြီး ရေချိုးရသည်။ ညစာ မစားသူမို့ ဘာမှ ချက်စရာပြုတ်စရာမလို။ ရေချိုးပြီးသည်နှင့် ဘုရားကန်တော့ပြီး တရားခဏထိုင်ဖြစ်သည်။ မနက်ဖြန်အလုပ်အတွက် လိုအပ်သည်များကို ပြန်စစ်ရင်း စိတ်က ဖုန်းဆီရောက်နေသည်။
မြန်မြန်လက်စသတ်ကာ ဖုန်းကောက်ကိုင်ရင်း facebook ထဲဝင်လိုက်သည်။ အရင်နေ့တွေဆိုရင် facebook ကို တစ်ရက်နေလို့တစ်ခါဝင်မကြည့်ဖြစ်။ ခု အမူအကျင့်တွေကပြောင်းချင်လာပြီ...။
လက်က search barသို့ တန်းရောက်သွားကာ အလွတ်ရနေသည့် နာမည်ကို ရိုက်ချလိုက်သည်။
my dayတင်ထားတာမို့ ဝင်ကြည့်လိုက်တော့
သူငယ်ချင်းတွေနဲ့အတူ သောက်နေကြသည့်ပုံပင်။ ဒီလူသားက ဘယ်ချိန်ကြည့်ကြည့် အထာကျနေခဲ့တာပါပဲ။
ဘာမှ ထပ်မတင်ထားတဲ့ သူ့wallကို တစ်ချက်ကြည့်ပြီး ကိုယ့်ဘာသာ newfeed ကြည့်နေမိသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now