အပိုင်း ( ၄၂ )

7.1K 322 15
                                    

ပထမဆုံး updateနောက်ကျသွားတဲ့အတွက်
တောင်းပန်ပါတယ်နော်....
မမျှော်လင့်ပဲ ခရီးထွက်လိုက်ရလို့ပါ 🙁။
ကဲ......
ဒါဆို စဖတ်လိုက်ရအောင်နော် 😙

Unicode....

''ငိုထားလို့ရဲနေသောမျက်လုံးနှင့် ပူထူနေသောမျက်နှာသည် အေးစက်နေသောရေကြောင့်အနည်းငယ်သက်သာသွားသည်။
ရှူးရှူးဒိုင်းဒိုင်းဖြစ်နေသောစိတ်သည်လည်း
ကိုကို့အားအကုန်ပြောပြချိန်တွင် အနည်းငယ်သက်သာရာရသွားခဲ့သည်။
မေမေမရှိတော့ချိန်ကတည်းက ရင်ထဲမှာဖြစ်ပျက်နေသမျှကို ဖွင့်ထုတ်လို့ရတဲ့သူဆိုလို့ ခင်ခင်တစ်ယောက်ပဲရှိခဲ့သည်။
အခုတော့ ကိုကို့ကိုပါ မိုးရဲ့ခံစားချက်တွေကို
ယုံယုံကြည်ကြည်နဲ့ဖွင့်ထုတ်ပြနိုင်ခဲ့လေပြီ....။
သက်ပြင်းကို ဟင်းခနဲချလိုက်ကာ မှန်တင်ခုံရှေ့ထိုင်လိုက်သည်။
မျက်နှာကိုတစ်ရှူးနှင့်အသာသုတ်ကာ
night creamလူးနေရင်းမှ ကိုကို့ဆီသို့ video call ခေါ်လိုက်သည်။

'' ကလေးလေး မျက်နှာသစ်ပြီးပြီလား''

''ဟုတ် ကိုကိုရော ဘာလုပ်နေလဲ''

''ကိုကို ဘာလုပ်နေမယ်ထင်လဲ''

''အင်း.......ဂစ်တာတီးနေတာလား''

ကိုကို့ဘေး၌ဂစ်တာချထားသည်ကိုတွေ့လိုက်ရသည်မို့ ဂစ်တာတီးနေမည်ဟုခန့်မှန်းလိုက်သည်။

''ရက်စ်....ဒီနေ့ ကိုကို့ကလေးစိတ်ပျော်အောင် ကိုကို့ကလေးလေးတောင်းဆိုတဲ့သီချင်းကိုကြိုးစားပြီးတီးပါ့မယ်ခင်ဗျ''

''အယ် တကယ်ကြီးလား.....''

''တကယ်..နှစ်ကယ်''

''အင်း.....ဘာသီချင်းတီးခိုင်းရမလဲ....
ကိုကိုကြိုက်တာပဲတီးပြ...ကိုကိုက
ငယ့်အတွက်ရည်ရွယ်ပြီးတီးပြတာပဲ...
ဒါနဲ့တင်ကို ငယ်...အများကြီးကျေနပ်နေပြီ....''

''ငယ်က အတတ်လေးကွာ စကားတွေတတ်နေတာ....အင်း ကိုကိုစဥ်းစားလိုက်ဦးမယ်''

''အိုခေ....''

''အဟမ်း ကိုကိုစပြီးဆိုပြတော့မယ်နော်''

''ဟုတ်''

ကိုကိုသည် ဇော်ပိုင်နှင့်ချောစုခင်တို့ဆိုထားသော နှစ်ယောက်တည်းကမ္ဘာသီချင်းကို နူးနူးညံ့ညံ့လေးဆိုပြသည်။
ဂစ်တာတီးရင်းသီချင်းဆိုရင်းနဲ့ကို မိုး၏မျက်နှာအားပြုံးလျက်ကြည့်နေသောကိုကို့ကြောင့် မိုးမှာရင်တွေခုန်လာရပြန်သည်။
ကိုကိုနဲ့ပတ်သတ်သောမိုး၏ခံစားချက်တွေကိုဆန်းစစ်ကြည့်မိသည်။
ကိုကို့ကိုချစ်သည်....။
ရင်ခုန်ခြင်း လွမ်းမောသတိရခြင်း စိတ်ကောက်ရခြင်း အားကိုးခြင်း စသော ခံစားချက်တွေကို ကိုကိုနဲ့ပဲဖြစ်ချင်သည်။
တစ်ယောက်ကိုတစ်ယောက် သစ္စာမပျက်ကြရင် မိုးနဲ့ကိုကိုတို့သည် နောင်နှစ်တွေအများကြီးတိုင်အောင် ဒီလိုလေးပဲ ချစ်သွားကြမယ်လို့ပဲ ယုံကြည်ထားချင်သည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now