အပိုင်း ( ၅၆ )

10.2K 373 17
                                    

Unicode........

ညတုန်းကကော်ဖီခါးတွေနဲ့အတွေးတွေကြောင့် တော်တော်နဲ့အိပ်မပျော်ပဲ မနက်မိုးလင်းခါနီးမှအိပ်ပျော်သွားသည်။

အိပ်ရာမှနိုးလာတော့ မနက်ခုနစ်နာရီပင်ကျော်နေပြီဖြစ်သည်။ရုံးပိတ်ရက်မို့စိတ်လွတ်ကိုယ်လွတ်အိပ်မိတဲ့အပြင် မိုးကလည်းအုံ့နေတာမို့
ပျင်းဖွယ်ကောင်းနေသည်။

မျက်နှာသစ်ပြီရေခဲသေတ္တာဖွင့်တော့မှစျေးဝယ်ရဦးမှာကိုသတိရမိသည်။
ကြက်ဥလည်းကုန်နေပြီးတခြားဟင်းခတ်မှုန့်တွေလည်းဝယ်ရတော့မှာမို့
နှစ်လမ်းကျော်စျေးရှိရာသို့သွားဖို့ပိုက်ဆံအိတ်ရယ် ခြင်းရယ်ဖုန်းရယ်နှင့်အတူ ထီးကိုပါလိုလိုမယ်မယ်ယူလိုက်သည်။
ဆိုင်ကယ်ကိုတော့အခိုးခံရမှာကြောက်တာနဲ့တင် မယူတော့ဘဲ ခြေကျင်ပဲဟိုးဘက်လမ်းထိလျှောက်သွားလိုက်သည်။
မိုးလည်းအုံ့နေတာမို့ ရာသီဥတုကအေးစိမ့်စိမ့်ဖြစ်နေကာ အတော်နေလို့ထိုင်လို့ကောင်းနေသည်။

စျေးမှာလိုတာတွေဝယ်ပြီးပြန်မယ်လုပ်တော့ မိုးကရုတ်တရက်ရွာချလာသည်မို့ နီးရာအနောက်ဘက်လမ်းဆီမှပြန်လာလိုက်သည်။
မိုးသည်တဖြည်းဖြည်းနဲ့ပိုပိုသည်းလာသည်မို့
ထီးဆောင်းထားတာတောင်ခြေထောက်တွေပါစိုရွဲလာသည်မို့ မြန်မြန်လျှောက်နေမိချိန်တွင် လေပြင်းတွေပါတိုက်ချလာသည်။
ကံတွေများကောင်းချက်ပဲဟေး....။

အနောက်လမ်းထိပ်ရောက်ချိန် အိမ်ကိုလှမ်းကြည့်တော့ အိမ်ရှေ့၌ဆိုင်ကယ်တစ်စီးရပ်နေသည်။ ယောကျ်ားစီးဆိုင်ကယ်အကြီးကြီးမို့
မိုးတွေကြားထဲမှပြူးပြဲကြည့်နေမိကာ
ဆက်မသွားတော့ပဲစောင့်ကြည့်နေမိသည်။
အစ်ကိုနှင့်တော်တော်တူတာမို့ လမ်းဘေးသို့ကပ်ကာသေချာကြည့်နေချိန် ထိုလူ့လက်ထဲမှနေ့တိုင်းရောက်လာနေကျမုန့်အိတ်ကိုတွေ့တော့မှ အစ်ကိုမှန်းသေချာသွားသည်။
လက်ရှည်အကွက်အပါးလေးသာဝတ်ထားပံရသောအစ်ကိုသည် မိုးတွေရွဲစိုနေကာ မုန့်ထုပ်ကိုကိုင်ရင်း အိမ်ထဲဆီသို့လှမ်းကြည့်နေသည်။

မုန့်ထုပ်ထားပြီးပြန်သွားမည်ဟုထင်သော်လည်း မပြန်သေးပဲ အိမ်ရှေ့အုတ်ခုံပေါ်တွင်ထိုင်နေသည်မို့ မိုးမှာရှေ့တိုးရခက်နောက်ဆုတ်ရခက်ဖြစ်နေသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now