Extra....2

14.6K 486 38
                                    

Unicode.....&......Zawgyi

''လမ်းခရီးဂရုစိုက်ကြဦးနော်
ဟိုရောက်ရင်ဖုန်းဆက်ကြဦး''

''ဟုတ် မာမီ''

ကိုကို့အစီအစဥ်အရ မင်္ဂလာဆောင်ပြီးနောက်ရက်တွင် တောင်ကြီးဘက်ကို ခရီးထွက်ဖို့လုပ်ထားကြသည်။
မနေ့ညက တော်တော့်ကိုပင်ပန်းသွားတာမို့ ခရီးကိုတောင် မနက်ဆယ့်တစ်နာရီလောက်မှ စထွက်ရတော့သည်။

''ငယ် ပင်ပန်းနေရင် အိပ်လိုက်ဦးနော်
ရောက်ရင်ကိုကိုနှိုးမယ်''

''ဟင် ရပါတယ်
အိပ်ရေးဝပြီရယ်''

''အားလည်းပြန်ပြည့်ပြီမလား''

''အွန်း....အာ့''

ရန်စစ်သည် အမွှေးပွအနွေးဝမ်းဆက်လေးနဲ့ လှုပ်စိလှုပ်စိလုပ်နေရင်း ခါးနာနေတာမို့သူ့ခါးလေးကိုလက်ဖြင့်ဖိထားသော ငယ့်ကိုကြည့်ကာ အူမြူးနေမိသည်။မနေ့ညက သူ့လက်ချက်ကြောင့် လှုပ်တောင်မလှုပ်နိုင်တော့သည့်ငယ်သည် အခုထိ အိပ်ချင်မူးတူးလေးဖြစ်နေသေးသည်။စိတ်ကောက်ချင်နေသောငယ့်ကို မနက်စာတောင်မနည်းချော့ကျွေးထားရခြင်းဖြစ်သည်။

''ကိုကို မနက်အစောမုန့်တွေထလုပ်ထားတယ်
ငယ် ဗိုက်ဆာရင်ပြောနော်''

''အွန်း''

''ကောက်စိန်လေး ''

''ကောက်မှာပဲ နာပါတယ်ဆိုနေ အတင်းလုပ်တာ''

''ဘာလုပ်တာလဲ ကိုကိုက....''

''ကိုကိုနော်.....''

''ချစ်လို့လေဗျ...''

''မချစ်နဲ့သွား....''

''ချစ်မှာပဲဗျာ ကားပေါ်မှာလည်း ချစ်လို့ရတယ်''

''အား...ကိုကိုနော်''

တစ်လမ်းလုံး စလိုက်နောက်လိုက်ဖြင့် ငယ်သည်တစ်ရေးမှမအိပ်လိုက်ရပါဘူး....။
ငယ်သည် ကားပြတင်းကိုဖွင့်ထားရင်း သီချင်းတွေလည်းအော်ဆိုတတ်သေးသည်။အခုလည်း ငယ်ချစ်ပုံပြင်သီချင်းကို moodအပြည့်နဲ့အော်ဆိုနေပြန်သည်။
တဖြည်းဖြည်းနဲ့ တောင်ကြီးမြို့ဆီနီးကပ်လာတော့ အအေးဓာတ်က သိသာလာသည်။
အအေးဓာတ်ပိုလာတော့ ကားပြတင်းဆီမှာလက်ထောက်ထားရင်း သီချင်းညည်းနေတဲ့ငယ့်အသံလေးတွေက အဖျားခတ်တုန်ယင်နေသလိုပင်....။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now