အပိုင်း (၈)

9.7K 339 2
                                    

အဆောင်ရောက်တော့ ၃နာရီပင်ထိုးတော့မည်။
အခန်းထဲဝင်ပြီး လွယ်အိတ်ကို စာကြည့်စားပွဲပေါ်တင်ပြီးလျှင် ကုတင်ပေါ်သို့ ဝုန်းခနဲ လှဲချလိုက်သည်။

အား ပင်ပန်းလိုက်တာ ။ အိပ်ငိုက်နေသောစိတ်သည် စာသင်ခန်းထဲက ထွက်ကတည်းက မရှိတော့ပါ 😑။

''ဟဲ့ ဟိုဘက်တိုးစမ်းပါ''
ကြွယ်သည် ပြောပြောဆိုဆိုနှင့် ကုတင်ပေါ်သို့ တက်လာသည်။ ခင်ခင်ကတော့ လရိပ်ဘေးတွင် ဖုန်းကြည့်ကာ ထိုင်နေသည်။

''ဟဲ့ ညနေ ကန်တင်းသွားရအောင်''

''သွားမယ်လေ လကုန်ခါနီးဆိုတော့ ကော်ဖီအေးပဲ သောက်နိုင်တော့မယ် အာလူးကြော်လေးကိုဘေးမဲ့ ပေးရတော့မှာပဲ''

ရေချိုးပြီး အဆောင်မှ ကျွေးသော ည​ေနစာ စားပြီးနောက်လမ်းလျှောက်ထွက်ခဲ့ကြသည်။

ကန်တင်း၌ ထောင့်ကျကျစားပွဲရွေး၍ အအေးလေးသောက်လိုက် စကားလေးပြောလိုက် လုပ်နေကြသည်။

'' ကြွယ် နင်ငါတို့ကို စာရှင်းပြရဦးမှာနော်။''

''အေး ညကျ ရှင်းမယ်လေ မိုး နင် ခေါက်ဆွဲပြုတ်ကျွေးဦး ''

''ဟုတ်တယ် နင်ပြုတ်မကျွေးတာကြာပြီ''

''အေးပါ စနေနေ့မှ ဈေးသွားပြီး အရွက်တွေရော ဝယ်မယ်လေ စုံစုံလင်လင်ပြုတ်ကျွေးမယ်''

''good ဒါနဲ့ နေ့ခင်းက အကိုကြီးတွေကလေ တတိယနှစ်ကတဲ့ ''

''ကြည့်ကောင်းလိုက်တာ ဟိုစကားပြောတဲ့အစ်ကိုဆိုရင် ဖြူဖြူဖွေးဖွေးလေး''

''တချို့ဆို sleepy beautyလေးကွာ သိလား
အိပ်ငိုက်ရင်းနဲ့ မင်းသားလေးနဲ့တွေ့တာလေ''

''ဘာလို့ ငါ့ဘက်လှည့်လာတာတုန်း''

''စတာပါဟယ် တတိယနှစ်တွေဆိုတော့ အထာတွေနပ်နေပြီနေမှာ သွားမကြိုက်လေနဲ့ ''

''သူတို့က လာကြိုက်ရင်ရော''

''လာကြိုက်ပါစေဦးဟဲ့ ဟားဟားဟား''

မိန်းကလေးပီသစွာ တဟားဟားနဲ့ အော်ရယ်ကြရင်း နာရီကြည့်တော့ ၆နာရီထိုးခါနီးပြီမို့ ထပြန်ခဲ့ကြသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now