အပိုင်း (၆၃)

10.8K 460 35
                                    

Unicode......

''ပန်းတွေဘာတွေနဲ့ပါလား
ဘာစိတ်ကူးပေါက်လာတာတုန်း
ငြိမ်ငြိမ်နေစမ်းပါ တောင်ကြည့်မြောက်ကြည့်နဲ့
ကိန္နြေကိုမရဘူး''

ဒေါ်ခက်နွယ်သည် တစ်ယောက်ယောက်ကိုရှာနေသလို ပြာယာခတ်နေသော သူ့မြေးရန်စစ်ကို
ကြည့်ရင်းမျက်စိနောက်လာရသည်။

ဘုန်းဘုန်းတွေဆွမ်းဘုန်းပေးလို့ပြီးခါနီးတော့မှ အချိုပွဲသွားပြင်သောအုပ်စုတွင် သူ့ချွေးမနှစ်ယောက်နှင့် အဂ္ဂ၏လက်ထောက်ဖြစ်သော တိမ်လွှာမိုးပါ ပါသွားတာမို့ ရန်စစ်ဆိုတဲ့အကောင် ကဏှာမငြိမ်မှန်းသဘောပေါက်သည်။

''လေဒီ အချိုပွဲပြင်တာ အဲဒီလောက်ကြာရလား
ဘာလို့ကြိုမပြင်ထားကြတာလဲ''

''အမလေး တကတည်းတော်
မုန့်မှာထားတာနောက်ကျနေလို့လေ
ဘာကိုစိတ်ပူနေတာတုန်း ''

''သိရဲ့သားနဲ့ဗျာ မေးနေသေးတယ်''

သူ့မြေးရန်စစ်၏ ရုပ်ကြီးကိုကြည့်ကာ
မျက်စောင်းနာနာထိုးမိသည်။
သူ့အသည်းအလျာလေးကို သူ့မာမီကတစ်ခုခုပြောလိုက်မှာစိုးရိမ်နေတာနေမှာပေါ့....။
ပိုးလိုက်ပန်းလိုက်တာများ မမြင်ချင်ယောင်သာဆောင်ထားရတာ တော်တော်တော့အမြင်ကပ်နေပြီဖြစ်သည်။
ခရီးမသွားခင်ညကရော မနက်အစောရော
ဘူးတွေပုလင်းတွေနဲ့ မုန့်တွေလုပ်လိုက် ဆတ်သားခြောက်တွေကြော်လိုက်နဲ့ မီးဖိုခန်းကိုတော်တော်မွှေနှောက်သွားသေးသည်။
တွေးနေတုန်းကို တိမ်လွှာမိုးနဲ့သူ့ချွေးမတွေအကုန်ပြန်ဝင်လာကြကာ ဆရာတော်ကြီးတွေကိုအချိုပွဲကပ်လိုက်ကြသည်။
ထို့နောက် ဆရာတော်ကြီး၏တရားကိုနာယူပြီးရေစက်ချအမျှဝေရင်းဖြင့် ကထိန်အလှူကြီးသည် အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။
.
.
.

မမခြယ်ကိုဓာတ်ပုံလှလှလေးတွေသေချာရိုက်ပေးပြီးတော့ မိုး ခြေကုန်လက်ပန်းကျသွားရသည်။
မမခြယ်သည်လည်း သူ့ဟာသူမောပြီး အိပ်ရာပေါ်လှဲနေလေသည်။

''ငယ်....အပြင်ခဏထွက်ခဲ့ပါဦး ကိုကိုပြောစရာရှိလို့''

မိုးသည် notification barမှာပေါ်နေသော
မက်ဆေ့လေးကြောင့်ရင်ခုန်သွားရသည်။
ရင်ခုန်တာလိုလို ရင်တုန်တာလိုလိုနဲ့
လူက ကတုန်ကယင်ဖြစ်နေသည်။
ခြောက်နှစ်လောက်ရည်းစားမထားဘဲနေနေရာကနေ အခုဒီလူကြီးနဲ့ပြန်တွဲရတာက အိမ်မက်ကြီးတစ်ခုလိုပင်.....။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now