အပိုင်း ( ၃၃ )

7.5K 338 9
                                    

Unicode.....

''နှစ်လကြီးတောင် လွမ်းနေရဦးမှာပဲ ''

''လွမ်းရင် သီပေါလိုက်ခဲ့လေ''

''အဟုတ် လိုက်လာမှ နှင်မချနဲ့''

''မချပါဘူး လိုက်ခဲ့''

အခန်းထဲမှ ပစ္စည်းများအားသိမ်းရင်း ခွဲရဦးမည်ဆိုတော့ လွမ်းချင်လာပြန်သည်။
ပစ္စည်းများအား ကိုယ့်အခန်းထဲကို ထားခဲ့ရသည်မို့ အိမ်ပြန်ယူမည့်ပစ္စည်းများသာလျှင် သိမ်းကြရသည်။

ထားခဲ့မည့်ပစ္စည်းများအား မပျက်စီးအောင်
လုံလုံခြုံခြုံ အိတ်ထဲထည့်လို့ရတာထည့်
ပလစ်စတစ်အကြည်ဖြင့်အုပ်သင့်တာအုပ်နေရသည်။

စားပွဲပေါ်မှ မေမေနှင့်အတူရိုက်ထားသော
ပုံလေးအား ကြည့်ရင်း ကောင်လေးရခဲ့ရင်
မေမေ့ကိုအရင်ပြောပါ့မယ်လို့ ကတိပေးခဲ့တာကို သတိရမိသည်။
အကယ်၍များမေမေရှိနေခဲ့သေးရင် အစ်ကို့ကို
မိုး၏ကောင်လေးအနေနှင့် သဘောကျပါ့မလားမသိ။

မေမေ့ဓာတ်ပုံလေးအား ကြည့်ပြီးနောက်
အိတ်ထဲသို့သေချာထည့်သိမ်းလိုက်သည်။
အကုန်သိမ်းဆည်းပြီးလို့ ကိုယ်လက်သန့်ရှင်းရန် သန့်စင်ခန်းဆီသို့ သွားခါနီး အစ်ကို့ဆီမှဖုန်းဝင်လာသည်။

အရင်နဲ့မတူ ထူးခြားစွာ ရင်တွေခုန်လာလေသည်မို့ ရင်ဘတ်လေးကိုအသာဖိကာ ဖုန်းကိုင်လိုက်ရင်း အခန်းအပြင်သို့ထွက်လိုက်သည်။

''ဟဲလို''

''ကလေးလေး ဘာတွေလုပ်နေလဲ''

''အခုမှ ပစ္စည်းတွေသိမ်းပြီးတာ အစ်ကိုရော''

''ကိုကိုက အခုမှအပြင်ကပြန်ရောက်တာ''

ကိုကိုတဲ့...
သူ့ကိုယ်သူ ကိုကိုတဲ့...။
ကိုယ့်ဘက်က ကိုကိုဟုခေါ်ချင်သော်လည်း
ဘယ်ကနေဘယ်လိုခေါ်ရမှန်းမသိဖြစ်နေစဥ်
အစ်ကို့ဘက်ကထွက်လာသော ကိုကိုဆိုသော
နာမ်စားလေးကြောင့် ရင်ထဲကလိကလိတွေဖြစ်လာရသည်။

''အမ် အခုကို ၉နာရီထိုးတော့မှာ...
ကို...ကိုကို...က ဘယ်တွေလျှောက်သွားနေတာလဲ ''

ရင်ခုန်သံတွေမြန်ပြီး ကိုကိုဆိုသော နာမ်စားလေးကိုပင် ထစ်အထစ်အဖြစ်နေရပြန်သည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now