အပိုင်း (၃၁)

7.9K 341 23
                                    

Unicode....

''အား ဖြေးဖြေးလုပ်ပါဟယ် နာလိုက်တာ''

တောင်တက်ရင်းဖြစ်လာသော ဒဏ်ရာများကိုလရိပ်က အားပါးတရဆေးထည့်ပေးနေသည်မို့
မိုးမှာအော်ဟစ်နေရသည်။

ညကပြန်ရောက်ကတည်းက ရေမြန်မြန်ချိုးကာ ဘာမှပင်မစားနိုင်ဘဲ ထိုးအိပ်ကြရာ မိုးလင်းမှ ညောင်းကိုက်နေတာကို သတိထားမိကြသည်။

မျက်နှာသွားသစ်တော့လည်း ပေါင်လေး ကွကွ ကွကွ ရေချိုးသွားတော့လည်း ပေါင်လေး
ကွကွ ကွကွ နှင့် တောင်တက်ခြင်း၏ အကျိုးကျေးဇူးများကို ခံစားနေကြရသည်။
သွေးခြေဥဒဏ်ရာများနှင့် ကွဲနေသော ဒဏ်ရာများအား ဆေးထည့်ပေးသောအခါ ပြဲနေအောင် အော်ရတော့သည်။

''ဖြေးဖြေးအော်ပါ ကောင်မရယ် ''

''နာတယ်ဟ''

ဆေးထည့်ခြင်းကိစ္စတွေပြီးတော့မှ မှာထားသော ထမင်းကြော်များကို စားရသည်။
ခရီးပန်းခြင်းကြောင့် အိပ်လိုက်ကြသည်မှာ မနက်စာထမင်းစားချိန်လည်း မမှီခဲ့ပေ။
စားသောက်ပြီးတော့ တစ်ခါကုတင်ပေါ်မှာထိုင်ကာ ထွေရာလေးပါးပြောကြပြန်သည်။

''ဟိုအစ်ကိုနဲ့ ဘယ်လိုလဲ တွဲမှာလား''

လရိပ်၏အမေးကြောင့် ခေါင်းအုံးဘေးမှာ ထားထားသော ခရေပန်းကုံးလေးအားကြည့်ရင်း ဖြေးညင်းစွာ ပြန်ဖြေမိသည်။

''အင်း ပြောရရင် တွဲချင်တယ်
ဒါပေမဲ့ ဆုံးရှုံးရမှာကို ကြောက်တယ်''

''နင် သေချာစဥ်းစားပေါ့ ငါကတော့ နင့်ကို
အချစ်ကြောင့်နဲ့ နာကျင်နေရတာမျိုးမမြင်ချင်ဘူး တွဲကြည့်ချင်ရင် တွဲကြည့် နင့်ကိုနာကျင်စေလာရင် လွှတ်ချပစ်ခဲ့လိုက်''

''အမလေး အဲတာမျိုးက ပြောတော့သာ လွယ်တာနော် ချစ်မိပြီဟေ့ဆို နာကျင်ရရင်တောင်
အဲလိုနာကျင်ရတာကိုလည်း ချစ်ပါတယ်ဆိုတာမျိုး ဖြစ်လာတတ်တာ''

ကြွယ်ကြွယ်သည် ပြောမဲ့ပြော လမ်းဆုံးထိပြောချလိုက်သည်။
မိုးအတွက် အစ်ကိုသည် ချစ်ဦးသူဖြစ်သည်။
ချစ်သူရခဲ့လျှင်ဖြင့် သည်လူနှင့်သာ အရာရာဖန်တီးချင်ပြီး သည်လူနဲ့ပဲ အချိန်တွေအကြာကြီး ရှိအောင်ကြိုးစားမည်ဟု စဥ်းစားခဲ့ဖူးသည်။
အစ်ကိုသည်တော့ ဘယ်လိုတွေးသလဲ မသိ။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now