အပိုင်း (၄၆)

7.5K 316 33
                                    

[စာလုံးပေါင်းသတ်ပုံ မစစ်ရသေးပါဘူးနော် 🥺]

Unicode......

''မေးခွန်းမေးချင်တဲ့သူရှိသေးလား''

ဌာနမှူး၏အသံကလွဲ၍အတန်းထဲ၌ဘာသံမှထပ်ထွက်မလာပဲတိတ်ဆိတ်ခြင်းသာကြီးစိုးနေသည်။
မိုးသည်တော့ အတန်းဆင်းချင်လွန်းလို့
ဖင်တကြွကြွဖြစ်နေရပါပြီ။
ဖြစ်ဆို ဒီနေ့ကကိုကိုဘွဲ့ယူမဲ့နေ့ကိုး...။
မိုးတတိယနှစ်ရောက်ချိန်တွင် ကိုကိုသည်တော့နောက်ဆုံးနှစ်ပြီး၍ဘွဲ့ပင်ယူလေပြီ။
ကိုကို့အားဘွဲ့ဝတ်စုံဖြင့်အလွန်ပင်မြင်ချင်နေမိပြီဖြစ်သော်လည်း အရေးကြီးသော presentation ဖြစ်နေသောကြောင့်
တစ်မနက်ခင်းလုံး စာထဲကိုအာရုံရောက်အောင်မနည်းစိတ်ကိုဆွဲဆန့်နေရသည်။

''ဘယ်သူမှမေးစရာမရှိရင်တော့ ပြီးပါပြီ အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့presentation နဲ့ပတ်သတ်တာတွေအကုန်လုံးကိုမင်းတို့တီချယ်ဆီကိုပေးထားလိုက်ပါ''

ဌာနမှူးတီချယ်၏စကားကြောင့်အကုန်လှုပ်လှုပ်ရွရွဖြစ်သွားပြီးကိုယ့်အဖွဲ့နဲ့ကို စာရွက်စာတမ်းတွေပြန်စုနေကြသည်။

''ဟဲ့ အပြင်ဘက်ကဘွဲ့ဝတ်စုံတကားကားနဲ့အကောင် ဘာလဲကျွန်မတို့ကိုမုန့်ကျွေးမလို့လား ရစ်သီရစ်သီလုပ်နေတာ''

တီချယ်ကြီးတစ်ယောက်ရဲ့အသံကြောင့်အတန်းထဲရှိလူများသည် အတန်းအပြင်သို့လှမ်းကြည့်လိုက်ကြသည်။
မိုးသည်လှမ်းကြည့်လိုက်ချင်သော်လည်း နံရံနဲ့ကွယ်နေသည်မို့မမြင်ရ။

''တီချယ်တို့ကိုလည်းမုန့်ကျွေးမလို့
ပြီးတော့ လာစရာကိစ္စလေးလည်းရှိလို့
တီချယ်တို့ presentation ကပြီးပြီလား''

မိုးမှာရင်းနှီးနေသောအသံကြောင့်ခေါင်းလေးထောင်သွားသည်။ကိုကို့အသံနဲ့တူလိုက်တာ..။
ဒါပေမဲ့ ဒီနေ့က ကိုကို့အိမ်ကပါလိုက်လာမှာမို့
မိုးနဲ့အလွယ်တကူတွေ့လို့ရပါ့မလားတော့မသိ။
အတန်းဆင်းချိန်တွင်တော့ ကိုကိုတို့ဘွဲ့နှင်းသဘင်ခန်းမဘက်ဆီသို့ သွားကြည့်မည်ဟုခင်ခင်တို့အားတိုင်ပင်ထားသည်။

''အံမယ် မင်းက ဘယ်ကိစ္စများရှိရတာတုန်း
ဧကန္တတော့ ဆိုင်ရာပိုင်ရာလေးကိုလာပင့်တာလား''

Falling in love with Sunflower 🌻(Completed)Where stories live. Discover now