အပိုင်း (၄၀ )

8.6K 326 7
                                    

Unicode....

''မီးငယ်ရေ သမီးဖေဖေစောင့်နေပြီ
ပြင်ဆင်လို့ပြီးပြီလား''

''ဟုတ်...ပြီးပြီ လာပြီ ကြီးကြီး''

ဒီနေ့ဖေဖေနှင့်အတူ ပင်လောင်းခြံကိုလိုက်သွားမှာဖြစ်လို့ မနက်အစောကြီးထကာပြင်ဆင်ထားသော ကျောပိုးအိတ်နှင့် အဝတ်အိတ်သေးသေးလေးကိုယူကာ အောက်ထပ်ဆီသို့ပြေးဆင်းခဲ့သည်။
ကြီးကြီးပုတုသည် မီးဖိုးခန်းထဲသို့ထွက်လာကာမိုးလက်ထဲသို့ ထမင်းဘူးသေးသေးလေးနှင့် ဓာတ်ဘူးကိုထည့်ပေးသည်။

''မီးငယ်အတွက် ကြီးကြီး ကောက်ညှင်းပေါင်းရယ် ကော်ဖီနှပ်ထားတာ ဟိုမရောက်ခင်ဗိုက်ဆာရင် စားနော်....''

''ဟုတ် ကြီးကြီးက အကောင်းဆုံးပဲ.....''

''ဟိုကောင်မလေးလာတော့....''

ဖေဖေသည် ကားထဲမှလှမ်းအော်တာကြောင့်
ကြီးကြီးအားတာ့တာပြကာ အိမ်ထဲမှအမြန်ထွက်လိုက်လာသည်။
ဒေါ်ထိပ်ထားမေသည် ကားနား၌ဖုန်းပြောနေပြီးဖေဖေသည်လည်း ကြီးကြီးပုတုကိုဘာတွေမှာနေမှန်းမသိ...။ကိုယ့်ဘာသာကိုယ်
လက်ထဲကအဝတ်အိတ်ကိုကိုင်ကာ ကားနောက်ခန်းတံခါးကိုဖွင့်၍ ခပ်သွက်သွက်ဝင်ထိုင်လိုက်သည်။

''အမလေး....... ''

ကားထဲသို့ခြေပစ်လက်ပစ်ဝင်ထိုင်ပြီးတော့မှ
နောက်ခန်းထဲတွင်ကိုယ်တစ်ယောက်တည်းမဟုတ်ပဲတခြားလူပါရှိနေသည်ကိုတွေ့ရသည်။
ကားအတွင်းမီးမဖွင့်ရသေးတာမို့ ပြူးပြဲကြည့်တော့မှ ဦးလေးကြီးတစ်ယောက်ကိုတွေ့ရသည်။

''ဘယ်သူလဲဟင်''

''သက္က........''

အေးစက်စက်အသံသည် တိုတောင်းစွာထွက်လာသည်။ဖေဖေတို့မိတ်ဆွေဖြစ်လောက်မည်မို့ ဘာမှမပြောတော့ဘဲ သူ့ဘက်ရောက်သွားသောအဝတ်အိတ်ကို အသာပြန်ယူကာ ကားနောက်ဖုံးထဲသို့ထည့်လိုက်သည်။
ပြီးမှဘေးကလူကြီးကိုအသာအကဲခတ်လိုက်သည်။

''တိမ်လွှာမိုး..''

''ရှင်....သမီးကိုသိလို့လား''

''အင်း......သိတယ်''

''သြော်...ဟုတ်''

စကားစတို့သည် ဒီမှာတင်ပြတ်သွားကာ ကားထဲ၌တိတ်ဆိတ်သွားပြန်သည်။ခနကြာတော့
ဖေဖေနှင့်ဒေါ်ထိပ်ထားမေတို့သည်လည်းကားထဲသို့ဝင်လာသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now