အပိုင်း(၃၀)

8.7K 348 28
                                    

Unicode......

''3.... 2.... 1.....ချလပ်''

''ကဲ အခုဆို တောင်ထိပ်ထိ အန္တရာယ်ကင်းကင်းနဲ့ တက်နိုင်ခဲ့ပါပြီ။
နောက် လေးဆယ့်ငါးမိနစ်နေရင် ကိုယ့်အဖွဲ့နဲ့ကို ပြန်ဆင်းကြရအောင်ပါ။
ပင်လည်းပင်ပန်းနေကြပြီမို့ တောင်ပေါ်က ဆင်းတဲ့အခါ ကိုယ့်အချင်းချင်းတွဲခေါ်ပါ
ကူညီပါ ပြေးမဆင်းပါနဲ့ တစ်ခုခုဆို ကြက်ခြေနီအသင်းဝင်တွေကိုအကြောင်းကြားပေးကြပါနော်...
တောင်အောက်ပြန်မဆင်းခင် ကိုယ့်အဖွဲ့ကို လူစစ်ပြီး ဆရာတို့ဆီတစ်ခေါက်ပြန်ပြောပေးပါ။ ဒါဆို အခု ၂နာရီခွဲဆိုတော့ သုံးနာရီဆယ့်ငါးမိနစ်ကျရင် လူစုပါမယ်နော်
ကဲ ဓာတ်ပုံရိုက်ချင်သူများ ရိုက်လို့ရပါပြီ''

ဥက္ကဋ္ဌ၏ စကားဆုံးတာနဲ့ကိုယ့်အဖွဲ့နဲ့ကို
အသီးသီး လူစုကွဲသွားလေသည်။

''မိုး နင့်မျက်နှာ နီနေသလိုပဲ ဘာဖြစ်လို့လဲ
နေမကောင်းဘူးလား''

''မဟုတ်ပါဘူး နေကောင်းပါတယ်ဟ''

''အေး ပြီးတာပဲ သာယာနေတာမို့လား ချစ်ရပါသော ကိုကိုနဲ့တူတူ တစ်ဖွဲ့တည်းတက်ရလို့''

''ချစ်တယ်တဲ့ ''

တရုတ်စကားပန်းခိုင်ကြီးကိုထောင်ပြကာ ပြောလာသော မိုးကို ကြွယ်ကြွယ်တို့က ကြောင်ကြည့်နေသည်။

''ဘယ်သူကလဲ''

''အစ်ကိုက''

''ဘယ်သူ့ကိုလဲ''

''ငါ့ကို''

''အယ် ''

ခင်ခင်တို့သည် ရုတ်တရက် အနားသို့ ကပ်လာသည်။

''အဲတော့ နင်ဘာပြန်ပြောလိုက်လဲ''

''ကြွယ်ကြွယ့်ကိုလှမ်းမြင်လိုက်လို့ ချက်ချင်းပြေးထွက်လာခဲ့တာ မဟုတ်ရင်....''

''မဟုတ်ရင် ...ဘာဖြစ်လဲ''

'' ငါ ချက်ချင်း မူတောင်မမူနိုင်ပဲ အဖြေပြန်ပေးမိမယ်ထင်တယ်''

''ဟဲ့......''

ကြွယ်ကြွယ်တို့သည် ခွီးခနဲရယ်နေကာ မနည်းမျက်နှာပိုး ပြန်သတ်နေရသည်။

''ဟိုမှာ နင့်ကိုကိုလာနေပြီ အဟိ''

လှည့်ကြည့်လိုက်တော့ အစ်ကိုသည် ကျောပိုးအိတ်နှင့် ဖိနပ်နှစ်ရံကိုကိုင်ကာ မိုးရှိရာသို့ လျှောက်လာသည်။
သေပါလေရော....
ရှက်ရှက်နှင့် ကြွယ်ကြွယ့်ဆီးပြေးတုန်းက
ဖိနပ်ကျန်နေခဲ့ခြင်းဖြစ်သည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now