အပိုင်း ( ၁၆ )

8K 347 7
                                    

''နေကြာတွေထိုးရင် ကောင်းမလား
နှင်းဆီဖြူတွေဆိုရင် ကောင်းမလား''

''နေကြာပန်း နေကြာပန်း ....
နှင်းဆီတွေက ရိုးနေပြီ မားသားရဲ့''

''အင်း ဟုတ်တယ် ဒါဆို မေမေနေကြာပန်းသွားခူးလိုက်ဦးမယ်''

''ဟမ် ဘယ်မှာခူးမှာလဲ''

''ဟိုးမှာလေ မီးငယ်ရဲ့ ''

ဝရန်တာ ကနေ လှမ်းကြည့်တော့ မျက်စိတစ်ဆုံး နေကြာခင်းကြီး....

လှလိုက်တာ....
နေဝင်ချိန်မှာ လေယူရာသိမ်းနေတဲ့ နေကြာတွေ

နေကြာပန်းခင်းကြီးဆီသို့ မေမေက ခြင်းတောင်းလေးကိုင်ပြီး သွားနေသည်။

''မေမေ့ သမီးလိုက်ခဲ့ဦးမယ်လေ စောင့်ဦး''

အိမ်အပေါ်မှ လှမ်းအော်တော့
မေမေက လှည့်ကြည့်ပြီး ပြုံးပြနေသည်။
အိမ်အောက်ထပ်ဆီသို့ အမြန်ပြေးဆင်းလာပြီး
ဖိနပ်အမြန်စီးကာ မေမေရှိရာ နေကြာခင်းဆီသို့ အပြေးသွားမိသည်။

နေကြာခင်းကြီးနှင့် နီးလာလေလေ မေမေ့ပုံရိပ်က ဝေဝါးသွားလေလေ...

ရင်ထဲမှာ မွန်းကြပ်လာသည်...
မေမေကို မျက်စိရှေ့မှ ပျောက်ကွယ်သွားမှာကို စိုးရိမ်လာသည်။
မေမေရေ လို့ အော်ခေါ်ချင်ပေမဲ့ အသံကထွက်မလာတော့သည့်အခါ လူက ခြောက်ခြားလာသည်။....

နေကြာခင်းကြီးထဲသို့ ရောက်ချိန်တွင်
မေမေသည်မရှိတော့...

မောဟိုက်နေသည့်ကြားက အားကုန်သုံး၍
အော်လိုက်မိသည်။

''မေမေ...မေမေရေ...မာမားရေ...''

''ညီမလေး ညီမလေး မိုး..''

''ဟင်''

အိမ်မက် မက်နေသည်ပဲ...။
နေကြာတွေကြားမှာ မေမေက ပျောက်သွားခဲ့သည်။
နေကြာတွေကြားမှာ မေမေက ထားသွားခဲ့သည်။

''လန်းသွားအောင် မျက်နှာသစ်လိုက်ပါ့လား ညီမလေး ''

''ဟုတ် ''

''ဆီချက်ဖက်ထုပ်ရယ် တခြားမုန့်နဲ့ ဖျော်ရည်ရယ် ဝယ်လာတယ် ညီမလေး စားလိုက်ဦးနော်''

''ဟုတ်''

ကိုလင်းသုတ ကပြောပြောဆိုဆိုနှင့် စားပွဲပေါ်တွင်တင်ထားသော မုန့်များကို ဖွင့်ပေးနေသည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now