အပိုင်း (၉)

9.3K 360 0
                                    

First semester စာမေးပွဲကြီးကို
အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်ပြီးတဲ့အခါ
အိမ်ပြန်ချိန်ရောက်လာပြန်ပါတယ်။
နှစ်လဆိုတဲ့အချိန်လေးကိုပင်
သူငယ်ချင်းတွေနဲ့ မခွဲချင်ပါ။

သူငယ်ချင်းတွေရဲ့ မိဘတွေကလဲ ပထမနှစ်ကလေးတွေမို့ စိတ်မချပဲ ကိုယ်တိုင်ကိုယ်ကျ လာကြိုကြသည်။
ကြွယ်ရော ခင်ခင်ရော လရိပ်ရောသည် အိမ်မှ လာကြိုသွားကြပြီဖြစ်သည်။

မိုးသာ မေမေ့ကိုစောင့်ရင်းနောက်ကျနေရသည်။
မေမေသည် အရမ်းအလုပ်ရှုပ်တတ်သည်။
အလုပ်ခရီးလဲ မကြာခဏထွက်ရတတ်သည်။
ခုလဲ ခရီးမှအပြန် မိုးကို ဝင်ကြိုမည်ဖြစ်သည်။

အလုပ်ကိစ္စမပြတ်သေး၍ နောက်ကျမည်ဖြစ်ကြောင်းလဲ ဖုန်းဆက်ထားသောကြောင့် မိုး အေးအေးဆေးဆေး ကန်တင်းဘက် ထွက်လာလိုက်သည်။

လူသိပ်မရှိတော့သော ကျောင်းကြီးသည် တိတ်ဆိတ်နေသည်။
တချို့နေရာများတွင် မခွဲနိုင်မခွာရက် ကြိုးကြာမောင်နှံလေးများကိုလဲ တွေ့ရသည်။

သြော် နှစ်လတောင်ဆိုတော့ လွမ်းကြဦးပေါ့
ကိုယ်တွေလို ရည်းစားမရှိသူတွေအဖို့ အလွမ်းသယ်စရာဆိုလို့ ကန်တင်းမှ မုန့်များသာရှိသည်။

ကန်တင်း​ရောက်တော့ ဆိုင်ထဲမှာ အစ်ကိုကြီးတွေပဲ ထိုင်နေကြတာမို့ ဘယ်မှမကြည့်ပဲ
အမြန် ကောင်တာနားထိ သွားလိုက်သည်။

'' အန်တီ ယံယံကြော်တစ်ပွဲ ကော်ဖီအေးတစ်ခွက်..။
ကော်ဖီအေးက ခါးခါးလေးနော် အန်တီ''

''အေးအေး ​ရှေ့ကသာစောင့် လာပို့မယ်နော်''

''ဟုတ်ဟုတ်''

🌵🌵🌵🌵🌵

ကျောင်းပိတ်ရင် အလုပ်ကိုယ်စီနဲ့ မတွေ့ဖြစ်ကြတာ များသည်မို့ ကျောင်းပိတ်ပိတ်ချင်း အိမ်မပြန်ပဲ တစ်ပတ်လောက်ကြာမှသာ ပြန်လေ့ရှိသည်။ ခုလဲ စာမေးပွဲ ပြီးပြီးချင်း ကန်တင်းမှာ စားကြသောက်ကြနှင့်အလုပ်ရှုပ်နေသည်။
ကျောင်းထဲမှာတော့ လူရှင်းနေလေပြီ။ စာမေးပွဲတွေ ပြီးလို့ ပြန်တဲ့သူပြန် ။

လျှောက်လည်ကြတဲ့သူက လည်နှင့် ကျောင်းထဲတွင် လူသိပ်မရှိ။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now