အပိုင်း ( ၁၂ )

8.3K 390 4
                                    

People you may knowမှာ ပေါ်လာသော account လေးတစ်ခုကိုမြင်တော့
အချဥ်ပေါင်းစားရင်း ငိုက်နေတဲ့ ကောင်မလေးကို မျက်လုံးထဲ သွားမြင်မိသည်။

''Tain Hlwar Moe'' ဆိုတဲ့ accountလေးရဲ့ wallထဲဝင်ကြည့်ရင်း တစ်ခါတည်း friend request ကို ပို့လိုက်သည်။

Mommy's Birthday ဆိုသော captionနဲ့တင်ထားသော ပုံလေးကလွဲလို့ တခြားသော ပုံမရှိပေ။

postတွေ share ထားတာလဲ သိပ်မရှိပေ။

ထိုစဥ် "Tain Hlwar Moe accepted your friend request'' ဆိုသော noti တက်လာသည်။

ည (၁၂) ကျော်နေတာတောင် မအိပ်သေးသည့်ကောင်မလေးပင်။

friend ဖြစ်တော့မှ ပေါ်လာသော my dayတွင် ဆီမီးထွန်းပွဲတော်ပုံတွေကို တင်ထားသည်။

'' ညကို အခုလိုချိန်ထိ မအိပ်ဘဲနေပြီး အတန်းထဲကျရင် ငိုက်တော့မဲ့ ကောင်မလေး''

my dayမှတစ်ဆင့် messenger ထိရောက်သွားလေပြီ။ seen ပြ ပြီး replyက တော်တော်နှင့်မလာ။ တစ်မိနစ်လောက်ကြာမှ

'' အာ အခုပဲအိပ်တော့မလို့''

''ဟုတ်ပါပြီ ဒါဆိုလဲ good night ညီမလေး ''

''ဟုတ်ကဲ့ good night ပါ အစ်ကို''

''🐼🌙''

အိပ်မပျော်လို့ လိုင်းသုံးနေချိန် မမျှော်လင့်ပဲ ရောက်လာတဲ့ friend request နှင့် message တစ်စောင်......

''Yan Sitt '' ဆိုသော နာမည်မြင်တော့ မိုးမှာ
အံ့သြ သွားရသည်။ ပြီးတော့ ရင်တွေခုန်လာသည်။
ဆယ်ကျော်သက် ရင်ခုန်သံဆိုတာ ဒါမျိုးထင်ပါရဲ့။

friend request ကို လက်ခံရင်း wallထဲဝင်ကြည့်တော့ ထွေထွေထူးထူး ဘာမှတင်မထားပေ။
သို့သော် သူငယ်ချင်းများနှင့် မကြာခဏခရီးထွက်တတ်ကြောင်း တင်ထားခဲ့သော ပုံများမှ သိရသည်။

အစ်ကိုက ပုံထဲမှာရော အပြင်မှာရော
ကြည့်ကောင်းလိုက်တာ...

အစ်ကို့ပုံတွေကြည့်နေတုန်း အစ်ကို့ဆီက message ရောက်လာသည်။
အစ်ကိုနဲ့ ပြောနေတဲ့အချိန် ရင်ထဲမှာ ရင်တုန်တာလိုလို ရင်ခုန်တာလိုလိုနှင့် နေမထိထိုင်မသာ ဖြစ်လာတော့သည်။
ဒါတောင် စကားလေးသုံးခွန်းလားပြောလိုက်ရသည်။
အစ်ကို့ကို အိပ်တော့မည်ဟု ပြောပြီးနောက်
ကုတင်ပေါ်မှ ထထိုင်ကာ ရင်ထဲမှာ မရိုးမရွနှင့် တစ်မျိုးကြီးဖြစ်နေတော့သည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now