အပိုင်း ( ၁၅ )

8.3K 347 4
                                    

Ring.....Ring.....Ring.....Ring....

မနက်လေးနာရီကျော်ကြီး ဖုန်း vibration မြည်သံကြောင့် မိုးမှာ အိပ်ချင်မူးတူးနိုးလာရသည်။

ဖုန်းစခရင်ပေါ်မှ Aunty May Yeeဆိုတာကြောင့် ဖုန်းအမြန်ကိုင်လိုက်သည်။

''hello အန်တီမေရီ ဘာဖြစ်လို့လဲ ဒီအချိန်ကြီးးကို''

''မီးငယ် အန်တီ​ပြောမယ်နော် သမီးမေမေ နေမကောင်းလို့ အခု ဆေးရုံရောက်နေတယ် သမီး ဖြစ်နိုင်ရင် လာစေချင်တယ်  အန်တီ့တူလေးကို လာခေါ်ခိုင်းလိုက်မယ်နော် ခုထွက်လာခိုင်းလိုက်မယ် သမီးစောင့်နေလိုက်နော်''

''ရှင် မေမေက ရုတ်ရက်ကြီး ဘာဖြစ်လို့လဲ တော်တော်ဆိုးလို့လားဟင်''

မိုးပြောနေရင်းနဲ့ ငိုသံတွေ ပါလာသည်။
မနေ့ညကထိအကောင်းကြီးပဲကို မေမေက ဘာဖြစ်တာလဲစဥ်းစားလို့မရ။
မေမေ့၏ နှလုံးသွေးကြောကျဥ်းရောဂါကလဲ အရမ်းကြီးဆိုးဝါးနေတာမျိုးမဟုတ်။

''စိတ်အေးအေးထား သမီး မေမေအဆင်သွားမှာနော် အန်တီ့တူ ဖုန်းနံပါတ်ကို messageပို့ပေးလိုက်မယ် နာမည်က လင်းသုတတဲ့ သူ့ကို အခုထွက်လာခိုင်းလိုက်ပြီနော်''

''ဟုတ်ကဲ့ အန်တီ ''

''အေးအေး သမီး ဖုန်းချလိုက်တော့မယ်နော် စိတ်အေးအေးထားနော် သမီး''

''ဟုတ်''

အန်တီမေရီဖုန်းချသွားပြီးနောက် မိုး ဘာလုပ်ရမှန်းမသိတော့။
အခုမှ မနက်လေးနာရီကျော်ရှိသေးတယ်။
ဘယ်ဆေးရုံလဲဆိုတာလဲ မမေးလိုက်ရ။ဖုန်းထပ်ဆက်တော့ အန်တီမေရီက ဖုန်းမကိုင်တော့ပေ။

စိတ်ပူပြီး မျက်ရည်တွေကျလာရာကနေ
ရှိုက်သံတွေပါ ပါလာသည်။

အိပ်နေရင်း နားထဲမှာ ရှိုက်ငိုနေသံကိုကြားနေရသည်။ မျက်လုံးဖွင့်ကြည့်တော့ မိုးက ကုတင်ပေါ်တွင် ငိုနေသည်မို့ ချက်ချင်း ကုတင်ပေါ်ကဆင်းပြီး မိုးကုတင်ဆီသွားလိုက်သည်။

''မိုး ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ''

''ခင်ခင် မေမေက နေမကောင်းလို့ ဆေးရုံတင်ထားရတယ်တဲ့ ။အန်တီမေရီဖုန်းဆက်တာ ငါ့ကိုလာစေချင်တယ်တဲ့ သူ့တူကိုလာခေါ်ခိုင်းထားပြီမို့ ငါ့ကိုစောင့်နေတဲ့ ...
ငါထင်သလိုမျိုးတော့ မဟုတ်လောက်ပါဘူးနော်''

Falling in love with Sunflower 🌻(Completed)Where stories live. Discover now