အပိုင်း ( ၅၃ )

10.3K 430 18
                                    

Unicode........

(Note-အရင်အပိုင်းမှာတုန်းက နာမ်စားသုံးတာတွေကို စိတ်တိုင်းမကျလို့ နာမ်စားသုံးတာတွေကို ပြန်ပြင်ထားပါတယ် နော် )

''ဒီနေ့က Phoenix ကော်ပိုရေးရှင်း တစ်ခုလုံး၏ နှစ်ပတ်လည်နေ့ဖြစ်သည်။
ခမ်းနားသောအပြင်အဆင်များနှင့် ပြီးပြည့်စုံသောတည်ခင်းဧည့်ခံမှုများကြောင့်
ပွဲအခမ်းအနားတစ်ခုလုံးမှာ တောက်ပကာ
မြိုင်ဆိုင်နေသည်။
ဒီပွဲသည် ဒီကော်ပိုရေးရှင်းမှာ အလုပ်လုပ်ခဲ့သောသက်တမ်းတစ်လျှောက် ပထမဆုံးသော နှစ်ပတ်လည်အခမ်းအနားပွဲတစ်ခုဖြစ်သည်။
အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ပွဲတက်တာမို့ထူးထူးခြားခြားဝတ်ဆင်ထားတာမလုပ်ချင်တာကြောင့်ပျိုပျို့ဆီကနေမနည်းအကြံဉာဏ်တောင်းထားရသည်။

အပေါ်က ဆင်စွယ်ရောင်ဖဲသာလက်ရှည်ကို
ဒူးဖုံးစကပ်ထဲသို့ထည့်ဝတ်ထားပြီး အိတ်သေးသေးပြားပြားလေးကိုသာယူလာလိုက်သည်။
ဒါကိုတောင်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့
ပျိုပျို့ကိုအဖန်ဖန်အခါခါကြည့်ခိုင်းပြီးမှ ဝတ်လာခြင်းဖြစ်သည်။

ဆံပင်ကိုလည်း နားနောက်သို့သာ ကျောက်ကလစ်သေးသေးလေးနဲ့ ညှပ်ထားလိုက်သည်။
ဒေါက်ဖိနပ်ကိုလည်းသူများတွေလိုအမြင့်ကြီးမစီးရဲ...တစ်လက်မဒေါက်ဖိနပ်အနက်ရောင် ရှင်းရှင်းလေးကိုသာ စီးထားသည်။
တော်ကြာ လူကြားထဲ ပစ်လဲနေမှ ခြောက်နှစ်လုံးထိန်းလာသည့် နာမည်လေးပျက်သွားလိမ့်မည်။

တစ်လက်မဒေါက်ဖိနပ်အနက်ရောင် ရှင်းရှင်းလေးကိုသာ စီးထားသည်။တော်ကြာ လူကြားထဲ ပစ်လဲနေမှ ခြောက်နှစ်လုံးထိန်းလာသည့် နာမည်လေးပျက်သွားလိမ့်မည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


(ဒီလို ဝတ်စုံလေးပေါ့နော် 🦋
photo crdပါရှင်)

ဘောစ့်နဲ့အတူလာပေမဲ့ ကိုယ်ကပဲ
အလိုက်တသိ တခြားဝန်ထမ်းတွေရှိတဲ့စားပွဲမှာဝင်ထိုင်နေခဲ့လိုက်သည်။

Falling in love with Sunflower 🌻(Completed)Where stories live. Discover now