HURTS
မီးရောင်စုံများဖြင့် မြူးကြွနေသော ဂီတသံများ ပျံ့လွင့်ရာနေရာ...
ကခုန်နေတဲ့ လူထုတေများစွာရှိသည့် အပြင် ဝီစကီကို သောက်ကာ စိမ်ပြေနပြေဖြင့် ထိုင်ကြည့်ရင်း အရသာ ခံနေသော သူများလည်း ရှိပေသည်။..ထိုထဲတွင်တော့ ဆိုဖာပေါ်တွင် ခြေကိုချိတ်ထိုင်ကာ..လက်ထဲတွင် ဝီစကီတစ်ခွက်ကို ကိုင်ထားရင်း...
အပြုံးမမည်သော အပြုံးဖြင့် Dance floor အား အာရုံစိုက်နေသော လူသားတစ်ဦး...ပွယောင်းနေသော ဆံနွယ် နီနီ တို့ဖြင့် ညို့ယူအားကောင်းလွန်းကာ လှပသော မျက်ဝန်းတစ်စုံ..
နှာတံဆင်းဆင်းလေးဖြင့် အသဲပုံနှုတ်ခမ်းထူထူလေးရှိသော ထိုလူသား..
အင်္ကျီအနက်ရောင်ပွပွကို၀တ်ဆင်ထားသည်ကြောင့် လျှောကျနေတဲ့ ပုခုံးတစ်ဖက်မှ ညှပ်ရိုးလှလှလေးအား ထင်းထင်းမြင်ရပြန်သည်။
ထို့အတူ အနက်ရောင်Jeanအကျပ်လေးကိုပါ ၀တ်ဆင်ထားသည်ကြောင့် အလှနတ်ဘုရားသဖွယ် မြင်သူတိုင်း ငေးမောဖွယ်ရာပင်။"ဟေး ကင် ဒီနေ့မကဲတော့ဘူးလား..."
"အင်း ဂျေး ..ငါဒီနေ့စိတ်မပါလို့.."
"ဘယ်လိုဘယ်လို? ကင်.. ဟဟ စိတ်မပါလို့? ကင်ထယ်ယောင်းကစိတ်မပါဘူးတဲ့ ဟက်"
သကောင့်သားက ပြောင်သလိုလိုဖြင့်ပြောလာသည်။ငယ်ငယ်တည်းက ဆိုးအတူ ကောင်းအဖက်ပေါင်းလာတဲ့ သူငယ်ချင်းမို့လို့လားမသိ မျက်နှာပြောင်လိုက်တာ လွန်ပါလေရော...။
"Fuck..ပဲယူ ဂျေး.."
"စိတ်လျှော့ပါကွာ ကင်ကလည်း..."
အိမ်မှာနေရတာ စိတ်ရှုပ်လွန်းလို့ ကလပ်ကိုလာခါမှ သကောင့်သားက လာရစ်နေပြန်သည်။
"ဟိုမှာတွေ့လား ဂျေး.."
Dancing Floorတွင် အင်္ကျီအဖြူရောင်လေးအား ၀တ်ဆင်ထားသည့် ကောင်မလေးတစ်ယောက်ကို ပြကာ..
"သူလှတယ်မလား..သွား ဒိုးလိုက်တော့ စကီထစရာလူမရှိတိုင်းငါ့လာရစ်မနေနဲ့.."
"အင်း မဆိုးဘူးပဲ ဟက် ဒါပေမဲ့ မင်းကိုတော့ မမီဘူးကင်.."
"ချီးပဲ ဂျေး..အရူးထမနေနဲ့ သွားမှာသာသွားတော့"
YOU ARE READING
HURT
FanfictionKim: -You gave me more than thousand of hurts Jeon... Drama fiction!!