ELEVEN

704 55 4
                                    

HURT
.
.
.
.
"ရောက်ပြီ မာနအိုးလေး...မတ်တပ်ရပ်လို့ အ‌ဆင်ပြေပါ့မလား...ကိုယ်ဒီအတိုင်း ပွေ့ထားရမလား?"

"ချပေးလေ!အရူးကောင်ရဲ့..ခြေ‌‌ထောက်ပဲကျင်တာ ခြေထောက်ကျိုးသွားတာ မဟုတ်ဘူး...‌"

ဟောပြောချလိုက်ရင်လည်း အဆုံးစွန်ထိပါလား မာနအိုးလေးရယ်။

"ကိုယ့်ကိုနောက်မှကြိုက်သလောက် ရန်‌ တွေ့ပါဗျာ အခုအရှေ့ကိုလှည့်ကြည့်လိုက်ဦး..."

အရူးကောင်အပြောကြောင့် ကင်ကျောပေးထားတဲ့ နေရာကို လှည့်ကြည့်လိုက်တော့ ကင်အံဩသွားရသည်။
ကင်အံဩတာက အဆန်းမဟုတ်၊ကင်အခုမြင်တွေ့နေရတာက အဝါရောင် ဒေစီပန်းခင်းကြီးဖြစ်သည်လေ။
လှပသော‌ဒေစီတွေအား လေပြေလေးတွေကတိုးဝှေ့ကာ ကျီစယ်နေလေသည်မှာ အဖိုးဖြတ်၍မရနိုင်သော ပန်းချီကားလေးအတိုင်းပင်...။

ချလပ်...

ကင်ငေးမောမိနေတုန်း အသံတစ်သံထွက်ပေါ်လာတာကြောင့် ‌လှည့်ကြည့်မိတော့ ကင်မရာကိုကိုင်ကာ ကင့်အား ပြုံးပြနေခဲ့တဲ့ အရူးကောင်။

"ဘာလုပ်တာလဲ..."

"ဓာတ်ပုံရိုက်တာလေ..ဘယ်လိုလဲ ထပ်ရိုက်ချင်သေးတာလား.."

"လီးလို ရိုက်လေ"

ချလပ်

"ဟာ!"

"မင်းပြောလို့ကိုယ်ရိုက်တာနော် .."

Snackပုံလေးကိုကြည့်လိုက်တော့ မာနအိုးလေးက မျက်ခုံးနှစ်ဖက်ကို ထိလုမတတ်ကြုံ့ထားသည့် အနေအထားလေး...။
ချစ်ဖို့ကောင်းလွန်းပြီး ရယ်စရာကောင်းနေတာကြောင့် အသံထွက်အောင်ပင် ရယ်မိတော့သည်။

"ဘာရယ်တာလဲ...ပေးစမ်း အဲ့ကင်မရာ.."

"မပေးပါဘူး ဘာလို့ ပေးရမှာ.."

ရွဲ့သလိုနောက်သလို ပြောတော့ အရှေ့က အရိုင်းတုံးလေးရဲ့ မျက်နှာလှလှလေးက ခဏမျှနီရဲတက်လာပြီး ဂျွန့်အားလေးထောင့်ဆန်ဆန်အပြုံးလေးဖြင့် ပြုံးပြလို့နေသည်။
ဒါကိုအခွင့်ကောင်းယူပြီး ကြောင်နေတဲ့ ဂျွန့်လက်ထဲက ကင်မရာကို ဖြတ်လုကာ အဝါရောင်ပန်းခင်းကြီးထဲသို့ ပြေး၀င်သွားလေရဲ့။

 HURTWhere stories live. Discover now