HURT
"အင်း..."
"ထယ်နိုးလာပြီလား"
"ဖွား ..ဟင့် အဟင့်"
နိုးနိုးချင်းပင်အားကိုးရာတွေ့သွားသည့်ကင်ကတင်းထားသည်ကိုလျှော့ချလိုက်သည့်ပုံ။ဖွားဂျွန်အားဖက်ကာတအီအီဖြင့်ငိုကြွေးတော့သည်။
"အင်းထယ် ..ချုပ်တီးထားသမျှကိုဖွင့်ချလိုက်၊ထယ့်အနားမှာဖွားရှိနေပေးပါ့မယ်"
"အင့်ဟင့် အီး.."
ထိုသို့သော၀မ်းနည်းဖွယ်မြင်ကွင်းအား တံခါးအကွယ်ကနေချောင်းကြည့်နေတဲ့ဂျေးမှာလည်း မျက်ရည်များစွာဖြင့်။
ချစ်ရသူကို နာကျင်အောင်လုပ်ပေါင်းများနေပြီ ဂျွန်ဂျောင်ဂု!!တံခါးလေးကို ခပ်ဖွဖွစေ့ကာ ရုံးခန်းသို့။
အတိတ်မေ့နေတဲ့ငတုံးကောင်နဲ့စာရင်းရှင်းရဦးမည်လေ။ကင့်ရဲ့ရုံးခန်းထဲသို့ရောက်တော့ ငတုံးကောင်က ဆိုဖာပေါ်တွင် ထိုင်နေလျက်။
ချုပ်တီးထားတဲ့ဒေါသတွေက ချိန်ကိုက်ဗုံးတစ်ခုလိုပေါက်ကွဲလာတော့ ငတုံးကောင်ကို ခွပ်ခနဲထိုးချမိ၏။"ခွပ်!"
"ငတုံးကောင်!!အရူး!!မင်းတော်တော်တုံးပါလားဂျောင်ဂု!!"
"ငတုံး?အရူး?ဟက်.. မင်းကဘာကောင်မို့ငါ့ကိုဒီလိုမျိူးလာပြောနေရတာလဲ!!"
"မင်းထက်စာရင်ငါကပိုသိတယ် အရူးရဲ့!! အတိတ်မေ့နေတဲ့မင်းက မရှာဖွေမစူးစမ်းတဲ့အပြင်တခြားသူတွေရဲ့စကားကိုနားယောင်ပြီး ထင်ရာစိုင်းနေတဲ့ ငတုံး!မင်းလို တုံးတဲ့ကောင်ကိုငါတစ်ခါမှမတွေ့ဖူးသေးဘူး!"
အတိတ်ကိုမရှာဖွေဘူး??ဟက် အဲ့ဒီအတိတ်၊အတိတ်ဆိုတဲ့အရာကိုသိချင်လွန်းလို့ရှာဖွေပေါင်းလဲမနည်းတော့။ဘာမှမသိသည်ကြောင့် ကိုယ့်ကိုကိုစိတ်ပျက်မိခဲ့တာ။ဒါတွေကိုဘယ်သူမှမသိဘူး!!
ဂျွန်လဲ ဒီလိုဘယ်ဖြစ်ချင်ပါ့မလဲ။"နိုးနိုးချင်းဟွန်းကိုတွေ့ခဲ့တဲ့ငါက ဟွန်းစကားတွေကိုမယုံလို့ဘာကိုယုံရမှာလဲ!ဘာမသိညာမသိအတိတ်မေ့နေတဲ့သူတစ်ယောက်က သူ့ကိုကျွန်တော်မသိပါဘူးဆိုပြီးအရူးတစ်ယောက်လိုငြင်းလွတ်ရမှာလား!!"
YOU ARE READING
HURT
FanfictionKim: -You gave me more than thousand of hurts Jeon... Drama fiction!!