TWENTY FOUR

700 60 7
                                    


HURT

.
"ဂျောင်ဂု အဲ့တာ‌က ကိုယ်ပြောသလိုပဲ...မင်းနာလည်တယ်မလား..ဒီတိုင်း-"

အနောက်ကနေ လက်ထောက်ကာ ကိုယ်ကို့ကိုင်းရင်း စိတ်၀င်တစား‌နားထောင်နေသည့် ဂျွန်..
နီးကပ်နေတဲ့ ‌အနေအထားအားသတိမမူမိစွာ မော့ကြည့်မိတော့
ဆက်ပြော၍မရအောင် တွန်းအားပေးနေသည့် ဂျွန့်ရဲ့မျက်နှာချောချော..
သုံးနှစ်လုံးလုံး မတွေ့ရတဲ့ အတောအတွင်း
ဂျွန်က ပိုခန့်ညားလာလိုက်တာ..
ဂျွန့်ရဲ့ မျက်၀န်းဝိုင်းတေ၊ဂျွန့်ရဲ့ ပွယောင်းယောင်းနှာတံလေး ၊ဂျွန်ရဲ့ နှုတ်ခမ်းပါးလေး က အချိုးကျစွာ ကြည့်ကောင်းလျက်..
ဟော ဂျွန့်နှုတ်ခမ်းအောက်နားမှာ မှဲ့လေးပါတာလား.?
အရင်တုန်းက သတိမထားမိခဲ့တဲ့ မှဲ့နက်လေးက ဂျွန့်အား ပိုပြီးပြည့်စုံစေသည်။
ကင်သဘောအကျဆုံး အစိတ်အပိုင်းက ဂျွန့်ရဲ့ မေးရိုးထင်းထင်းတေဖြစ်ခဲ့ပေမယ့် ထိုမှဲ့နက်လေးက ကင့်အားဆွဲဆောင်သွားခဲ့သည်။
ကင်သဘောအကျဆုံးနဲ့ အထိတွေ့ချင်ဆုံးအရာက ဂျွန့်နှုတ်ခမ်းအောက်နားက မှဲ့နက်လေး...။

"ခဗျားဘာလို့တိတ်သွား-"

ရှင်းပြနေရင်း ရုတ်တရက်တိတ်သွားတဲ့ ကင်ထယ်ယောင်းအားကြည့်မိတော့ ဂျွန့်အား စိုက်ကြည့်လို့နေသည်။
ကင်ထယ်ယောင်းရဲ့ မျက်နှာက သူ့မျက်နှာနဲ့ တလက်မလောက်သာလျှင်ကွာခြားတဲ့ ထိုအခြေအနေကြီးအား ဂျွန်သတိမမူမိ သူ့အရှေ့က မျက်၀န်းညိုတေက သိပ်ကိုလှသည်ကိုး...။
ဘာရယ်မဟုတ် သေချာကြည့်မိမှ ဒီမျက်၀န်းတေက ရင်းနှီးနေလေသည်။
ဒီအတိုင်း ရင်းနှီးတာက အထူးအဆန်းမဟုတ်ပေမဲ့ ခံစားချက်က ထူးဆန်နေတာ..။
ဒီမျက်၀န်းတေကို မြင်ရင် ဂျွန်စိတ်လှုပ်ရှားသည်။
ဒီမျက်၀န်းတေကိုမြင်ရင် ဂျွန်ငေးမောမိသည်။
ဒီမျက်၀န်းတေကို မြင်ရင် တခုခုကို ရှာဖွေမိသည်။
ဒါတေက ဒီမျက်၀န်းကနေဖြစ်ပေါ်နေတာ ..
အဓိပ္ပာယ်ဖော်မရတဲ့ အကြည့်တေက ဂျွန့်အား ရှုပ်ထွေးစေသည်။
အင်း.. ဒီလိုခံစားရတာကလည်း တော်တော်ကို စိတ်ရှုပ်ဖို့ကောင်းတဲ့ ဒုက္ခတမျိုးပဲမလား..။

အကြည့်တိုက်ပွဲတွင် မျက်တောင်များကို ပုတ်ခပ်ပုတ်ခပ်လုပ်ကာ ရှောင်လွဲသွားသည့်ကင်ရယ်ပါ။
တဒုတ်ဒုတ်အခုန်မြန်နေတဲ့နှလုံးသားလေးကိုသာ အတွေးထဲက တဆင့်အသိပေးလိုက်သည်။

 HURTWhere stories live. Discover now