TWENTY ONE

640 48 3
                                    

HURT

အဲ့နေ့...အဲ့နေ့ညက ယောင်ဟွန်းအရက်တွေအလွန်အကျွံသောက်ပြီး မူးနေခဲ့သည်။
ကားကိုအကြမ်းပတမ်းမောင်းနှင်နေရင်း မီးပွှိုင့်တွေဘာတွေကိုပင်မမြင်နိုင်...။
ဖြတ်မောင်းတော့ ကုန်တင်ကားတစ်စီးနဲ့တိုးသည်ကြောင့် ကယောင်ကတမ်းဖြင့် စတီယာတိုင်ကိုလှည့်ပစ်လိုက်သည်။
ယောင်ဟွန်းဘေးကင်းသွားပေမယ့် ယောင်ဟွန်းကို၀င်တိုက်ဖို့လုပ်တဲ့ ကုန်တင်ကားကြီးက တခြားကားတစ်စီးအား အရှိန်ပြင်းစွာ၀င်ဆောင့်သည်။

လျှပ်တပြက်ဖြစ်ပျက်သွားတဲ့ အရာတွေကြား ယောင်ဟွန်း၏အမြင်အာရုံတွေက ပြာဝေလာပြီး အမြန်ပင်ကားပေါ်ကဆင်းကာသွားကြည့်တော့ အတိုက်ခံလိုက်ရသည့် ကား၏ပိုင်ရှင်က တစ်ခါက ဆေးရုံမှာ တွေ့ဖူးသော ဟျောင်းရဲ့ရည်းစားပင်။သွေးတွေများစွာထွက်နေခဲ့တဲ့ ထိုလူသားကို ကြည့်ရင်း ယောင်ဟွန်းအကြံတစ်ခုရသည်ကြောင့် အမြန်ပင် ဆေးရုံကားကိုဖုန်းဆက်ကာ ဖြစ်ပျက်သမျှကိစ္စအစုံကို တာ၀န်ယူပြီး ငွေဖြင့်နှုတ်ပိတ်လိုက်သည်။‌ဆေးကုသပြီးနောက်နေ့မှာဂျွန်ကသတိမရ‌ သေး၊ဒါပေမယ့်ဒီဆေးရုံမှာ ကြာကြာနေလျှင် မလုံခြုံတာမို့ Tokyoသို့ ခေါ်လာခဲ့သည်။ကံကောင်းသည်က ဂျွန်သတိရလာသည်က ဂျွန့်ရဲ့ကိုယ်ခန္ဓာကသာ သတိရလာခြင်း...ဂျွန့်ရဲ့စိတ်ဝိညာည်က အတိတ်တွေကို ဖယ်ရှားပေးခဲ့သည်။ထိုအချိန်၊ထိုနေရာကနေစပြီး...ဂျွန်က ကျွန်တော့်ရဲ့ဘ၀ထဲသို့၀င်လာခဲ့သည်။ဂျွန့်အကြောင်းတွေကို စုံစမ်းသည်။
အရာအားလုံးကို သိအောင်လုပ်သည်။
ဖြစ်ချင်တော့ ဂျွန့်အကြောင်းတွေက စုံစမ်းရတာလွယ်ကူနေခဲ့သည်။

ယောင်ဟွန်းကြံစည်ထားတဲ့အတိုင်းအရာအားလုံးကဖြစ်လာတာမို့ ဂျွန့်အား ကျွန်တော်ဟာ ဂျွန့်ရဲ့ချစ်သူပါဟု အယုံသွင်းထားခဲ့သည်။ကင်ထယ်ယောင်းကို လက်စားချေချင်တာကြောင့်ထိုအရာတွေကိုလုပ်ခဲ့ပေမယ့် အခုတော့ ဂျွန့်ကိုတွယ်တာသွားခဲ့မိပြီ။
ကင်ထယ်‌ယောင်းနဲ့တုန်းကတစ်ခါမှမရခဲ့ဖူးတဲ့ ဂရုစိုက်မှုတွေ၊တစ်ခါမှမရခဲ့ဖူးတဲ့ ကြင်နာမှုတွေကို ဂျွန်က ရက်ရောခဲ့သည်။
ဂျွန့်ကြောင့်ယောင်ဟွန်း ဒီလိုလောကကြီးထဲမှာဆက်ပြီးရပ်တည်နိုင်တဲ့အထိပင် ‌ဂျွန်ကအရေးပါလာခဲ့ပါသည်။
.
.
.
.
.
.
.
.
"မြေးလေး...."

 HURTWhere stories live. Discover now