TWENTY FIVE

734 58 11
                                    

HURT

နိုးထလာသည့် မနက်တိုင်းက အားပျော့ဖွယ်ကောင်းနေ၏။
ကင်ရင်ဆိုင်ရမဲ့အနာဂတ်တေ၊ကင်ရှာဖွေရမဲ့အမှန်တရား‌တွေကို တွေးမိရင်း ရင်လေး၏။

တီ...

"ကိုယ်မင်းအိမ်ရှေ့ ရောက်နေပြီကင်.."
လို့မက်ဆေ့ဂ်ျပို့လာသည်က ဂျေး။
အင်း ဂျေးပြန်လာလို့တော်သေးတာပေါ့ ။
အဲ့လိုသာမဟုတ်ရင် ကင်ဒီအခြေအနေကြီးကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး..။

"တာ့ဒါ မင်းအတွက် မနက်စာပြင်ဆင်ပေးဖို့လာခဲ့တာ ဟီးဟီး"

အထုတ်ကြီးအထုတ်ငယ်ကို ဘယ်ညာဆွဲလို့
သွားအဖြီးသားနဲ့ အားတက်သရောပြောနေတဲ့‌‌ ဂျေးအား ဘာမှပင်မပြောလိုက်ရ
အိမ်ထဲသို့တွန်းတိုက်၀င်သွားကာ ထမင်းစားခန်းထဲရောက်တော့ အထုတ်တေချပြီး အေပရွတ်တောင်၀တ်နေသေးသည်။

"ဂျေး မင်းကလည်းမနေ့ကမှပြန်ရောက်တာကို နားနားနေနေ နေပါဦးလား..."

"ကိုယ့်အသည်းအတွက် မနက်စာပြင်ဆင်ပေးချင်လို့လေ ကြည့်ပါဦး..ကိုယ့်အသည်းလေးရဲ့ ပါးဖောင်းလေးတေတောင် ပိစိလေးပဲရှိတော့တယ်"

ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ စိတ်ကြိုက်ပြုမူနေတဲ့ ဂျေးရဲ့ လက်တေကြား ဆံပင် ကောက်‌ကွေးလေးနှင့် အညို‌လုံးလေးရဲ့ မျက်နှာမှာစူပုပ်ပုပ်ဖြင့်။
ကင့်ကိုကလေးများထင်နေလားမသိ ပါးကိုညစ်နေရတယ်လို့။
ပြီးတော့ ဘာတဲ့ အသည်း??
ဒီကောင် Usကနေပြန်လာကတည်းက စိတ်မနှံ့တော့ဘူးပဲ။

"ကျစ် ဖယ်စမ်းပါ ဖြူစုတ်ကောင်ရာ မင်းအသားဖွေးဖွေးကြီးတွေ ငါ့ဆီကူးကုန်မယ်"

ဟောဗျာ အသားဖွေးတာကို
ကူးမှာစိုးနေတယ်တဲ့လား...။
ဟိုးအရင်တုန်းကအတိုင်း နုနုရွရွတေမကြိုက်တတ်တဲ့ကိုယ့်အညို‌လုံးလေးက အခုထိမပြောင်းလဲသေး။
စိတ်ဆိုးနေတာကို သိပေမယ့် ဆက်စနေမိသည်။
စိတ်ဆိုးနေတာတောင် အညိုလုံးလုံးလေးက ချစ်ဖို့ကောင်းနေသည်လေ။

"ကိုယ့်အသည်းကလည်း.."

"အဲ့ကိုယ့်အသည်းဆိုတဲ့ နာမည်ကြီးကိုလည်း မင်းဖလစ်နေကြ မိန်းမတွေကိုသွားခေါ်..ငါ့ကိုလာမခေါ်နဲ့"

 HURTWhere stories live. Discover now