HURT
ရေချိုးခန်းထဲ၀င်လိုက်၊အပြင်ကိုထွက်လာလိုက်လုပ်နေတဲ့ ဂျွန်က အရမ်းကိုတက်ကြွနေခဲ့တာ။
'ငါတို့ တစ်ခါလောက်ဒိတ်ကြမလား...ဂျွန်'
ဆိုသည့် မက်ဆေ့ဂ်ျလေးကြောင့် ပေါ့။
ဟုတ်သားပဲ...နှစ်လလုံးလုံး ဒေစီပန်းခင်းကြီးဆီသွားတာကလွဲ တခါမှတောင် မဒိတ်ဖြစ်ခဲ့ဘူးပဲ။Hopeပြောထားသည့် အကြောင်းအရာများကိုလည်း ဂျွန်အခုတလောမေ့ထားပေဦးမည်။ကင့်ကိုလမ်းခွဲဖို့ဆိုတာ ဘာကြောင့်မှန်းမသိ ဂျွန့်အတွက် အဆင်သင့်မဖြစ်သေး..။"ဘယ်သွားမလို့လဲ အဲ့တာက!"
လေတချွန်ချွန်ဖြင့် ဆံပင်ကိုသပ်ကာ ထွက်လာတဲ့ဂျွန်က ဆိုဖာပေါ်တွင်ထိုင်နေခဲ့တဲ့ သူကို မမြင်၊အသံကြားမှ လှည့်ကြည့်မိတော့ အဖွားဖြစ်လို့နေသည်။
"အာ အဖွား...."
"အေးဟုတ်တယ် မင်းအဖွား...ဒီမှာ ခဏလာထိုင်စမ်း!"
ဖွားအပြောကြောင့် ဂျွန်က ဆိုဖာပေါ်တွင် ထိုင်လေပြီး မျက်နှာကတော့ ဆူပုတ်ပုတ်ဖြင့်၊ဖွားက ဘူဆန်ကနေဒီကို ဘယ်လို ရောက်လာတာလဲ?
ဟုတ်သည်၊ဂျွန်ဒီလိုဆိုးနေသွမ်းနေတာတွေက ဂျွန်တစ်ယောက်ထဲ ဒီအိမ်ကြီးမှာ နေလို့ပေါ့။မဟုတ်ရင် ဖွားတို့ ချမှတ်ထားတဲ့စည်းကမ်းတွေထဲ ဂျွန်ကျဉ်းကျပ်နေမှာ...။"ရေမွေးနံ့တွေလည်း မွံထူနေတာပဲ! ဘယ်ကောင်မလေးနဲ့ သွားချိန်းတွေ့ဦးမလို့လဲ!"
"မဟုတ်ပါရဘူးဗျာ အဖွားကလည်း..."
"ဘာအဖွားကလည်းလဲ...မင်းကိုလွတ်ထားတယ်ဆိုတိုင်း နေချင်သလိုနေမနေနဲ့..မင်းအကြောင်းငါအကုန်သိတယ်!"
သိမှာပေါ့ အချိန်ပြည့် စောင့်ကြည့်ခိုင်းနေတာကို..။
စိတ်ထဲမှာသာ ပြန်ပြောလှန်ပြောလုပ်နေပေမယ့် အပြင်မှာတော့ ပကတိငြိမ်သက်လို့နေသည်။ဂျွန်ဂျောင်ဂုဘ၀မှာ အကြောက်ရဆုံးနဲ့အချစ်ရဆုံးက အဖွားပဲရှိသည်ကိုး...ဒယ်ဒီနဲ့ မာမီက ဂျွန် အလယ်တန်းလောက်ထဲကဆုံးသွားတာမို့ အဖွားက ဂျွန့်ရဲ့ ဒယ်ဒီလို ဂျွန့်ရဲ့ မာမီလိုပင် စောင့်ရှောက်ခဲ့လေသည်။
YOU ARE READING
HURT
FanfictionKim: -You gave me more than thousand of hurts Jeon... Drama fiction!!