EIGHTEEN

717 54 6
                                    

HURT

ပေ20ပတ်လည်အကျယ်ရှိသော ရေချိူးခန်းထဲမှ နှင်းဆီဖတ်တွေပြည့်နှက်နေသောBathubတစ်ခုအတွင်း ရေစိမ်ကာ ဝိုင်သောက်နေ‌သောအန်ဟေမီ။ကင်ဟိုဂျွန်းရဲ့ ဈာပန ပွဲပြီးလို့ ရက်အနည်းငယ်ကြာသည်အထိ သူမတော်တော်ပင်ပန်းထားတာလေ။
ဒရာမတေထထချိုးရတာနဲ့...အင်တာဗျူးတွေဖြေရတာနဲ့ သူမလုံးပန်းချာနေတာ။
အခုတော့ ပင်ပန်းရကျိုးနပ်သွားအောင်သူမရဲ့ ပြည့်ခါနီးနေပြီဖြစ်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ရမည်လေ။

"အရသာရှိလိုက်တာ..."

ခါးသက်သက်ဝိုင်ပြင်းပြင်းကလည်း ဒီနေ့မှအရသာပိုရှိနေသည်ကြောင့် အန်ဟေမီပြုံးမိသည်။

"သခင်မကြီး...ပြင်ဆင်ချိန်‌ရောက်ပါပြီ"

"အင်း..၀င်ခဲ့"

Bathrobeတစ်ထည်ကိုယူကာ ၀င်လာခဲ့သည့် သူမအသစ်ခန့်ထားတဲ့ အစေခံတွေကတော်တော်အလိုက်သိတာပဲ။
သူဌေးကတော်ဆိုသည့် နာမ်စားထက် သခင်မကြီးဆိုတဲ့နာမ်စားကပိုနားထောင်‌လို့ကောင်းနေရောပဲ။ဒါကြောင့် သူမထပ်ပြုံးမိကာ အသင့်ယူလာပေးတဲ့Bathrobeကို၀တ်လိုက်ရင်း ရေချိုးခန်းထဲမှထွက်လာခဲ့တော့သည်။

အစိမ်းရင့်ရောင်နားကပ်လေးက သူမရဲ့နားထက်မှာပန်ဆင်လို့ထားပြီး...Suitအနက်ရောင်လေးအား ၀တ်ဆင်ကာ မှန်ထဲကိုတစ်ချက်ကြည့်လိုက်တော့ အသက်20အရွယ်အပျိုပေါက်လေးလိုပင်သူမဟာ လှပနေခဲ့သည်။

"လှလိုက်တာ သခင်မကြီး..."

ထိုစကားကြောင့် အစေခံမလေးကို ပြုံးပြလိုက်မိပါရဲ့။
lipstickတစ်ချောင်းကိုကိုင်ကာ ထပ်ဆိုးရင်း အရောင်နဲနဲတင်လိုက်သည်။
သူမက ဒီနေ့အလှဆုံးနဲ့အတောက်ပဆုံးဖြစ်နေရမှာ....။
.
.
.
.
.
.
.
"ကင်ကုမ္ပဏီရဲ့ဆက်ခံသူအနေနဲ့ ကျွန်မယောက်ျား‌က သားငယ်လေးကို အမွေလွဲပေးသွားပါတယ်...ပြီးတော့ ဟွန်းလေးကလည်းငယ်သေးတာမို့ ထိန်းသိမ်းထားတဲ့အနေနဲ့ ဒီနေ့ကစပြီး ကင်ကုမ္ပဏီကြီးရဲ့ ယာယီဉက္ကဌအနေနဲ့ ကျွန်မကပဲ ဦးဆောင်သွားမှာပါ...ဒါက ဟွန်းလေးကို အမွေလွဲပေးထားတဲ့စာရွက်စာတမ်းပါ"

ဟေမီရဲ့စကားအဆုံး ရှယ်ယာရှင်တွေကတိုးတိုးတိုးတိုးနှင့်တိုင်ပင်နေကြလေပြီး နောက်တော့မေးခွန်းတစ်ခုမေးလာလေသည်။

 HURTWhere stories live. Discover now