HURT
"ကင်နဲ့ နင်နဲ့ ရန်ဖြစ်ထားတာလား..."
ဆူမင်းရဲ့ အပြောကြောင့် ဂျေးခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်သည်။
ထိုနေ့ကစပြီး ကင့်ကို ရှောင်နေခဲ့တာ ယနေ့အထိပင်၊
ရှောင်သည်ဆိုတာကလည်း ကင့်ရဲ့ အမြင်မှာပေါ့။
တကယ်တမ်းတော့ ကိုယ်က သူမမြင်ကွယ်ရာမှာ သူ့အား အရိပ်ရိပ်တကြည့်ကြည့်နဲ့ ကြည့်နေခဲ့တာမလား.။"ကင့်ကို ခေါ်ပေးလိုက်ပါဟယ်...သူ့မှာ တစ်ယောက်တည်း..ပြီးတော့ နင်နဲ့ပဲ ကင်က ပေါင်းတာမလား.."
"ရတယ် ဆူမင်း..."
ကင်သူ့စိတ်ကို သိအောင်အရင်လုပ်ပြီးရင် ငါသူ့ကိုကုစားပေးဖို့ ပြန်ခေါ်မှာပါ။
"ဟို. ဂျေး.."
"ဟဲ့ ဟိုမှာ ကင်လာပြီ ငါသွားပြီနော်.."
လစ်ခနဲ ထွက်သွားတဲ့ ဆူမင်းက ဘယ်လောက်ထိတောင် ပြေလည်စေချင်နေလဲမသိ၊
ဟော အနားကို တောင်ရောက်လာပြီ..ထပ်ပြီးဂရုမစိုက်မိဖို့ အားမွေးလိုက်ကြရအောင် ဂျေး..!!"ဂျေး...မင်း ငါ့ကို စိတ်ဆိုးနေတာလား..."
"........."
"ဂျေး..စိတ်ဆိုးနေရင်လည်း ငါ့ကို စကားလေးတော့ ပြန်ပြောဦးလေ..နော်.."
"မင်းစိတ်ကိုမင်း သိသွားပြီလား.."
"ဘာ ဘာကိုလဲ ဂျေး..."
"ဟက် ကင်....မင်း မသိသေးဘူးလား..? "
"ဂျေး..မင်းဘာတေပြောနေတာလဲ..ငါက ငါကဘာကိုသိရမှာလဲ.."
"ကျစ် ကင်..! ဟာကွာ.."
"ဂျေး သေချာရှင်းပြ..ငါကဘာကို သိရမှာလဲ"
ဘာကို ဘယ်လိုသိရမှာလဲ ကင်နားမလည်နိုင်တော့၊ ဘာလို့ ဂျွန်လို့ သုံးလိုက်တာနဲ့ ဒီလောက်ထိရှုပ်ထွေးသွားရတာလဲ။
"ဟူး...ကင် ဒါဆို ငါမေးတာကို သေချာစဉ်းစားပြီး ဖြေ.."
"အင်း..ငါဖြေကြည့်မယ်"
"မင်း..ဆံပြာကောင်ကို သဘောကျလား.."
"အမ်??? သူ့ကို ငါ သဘောမကျပါဘူး ဂျေး."
ချက်ချင်းပြန်ဖြေခဲ့တဲ့ ကင်ကဘာမျှကို မစဉ်းစားခဲ့သည့်ပုံ..
YOU ARE READING
HURT
FanfictionKim: -You gave me more than thousand of hurts Jeon... Drama fiction!!