TWENTY TWO

650 45 8
                                    


ရေကူးကန်ဘက်ကို လာခဲ့တော့ ဘယ်သူမျှမရှိသည်ကြောင့်  ထိုင်ခုံတန်းလေးတွင် ထိုင်လိုက်ကာ အနောက်သို့ မှီလိုက်သည်။
မိုးပေါ်က ကြယ်တာယာတေကိုကြည့်နေရင်း ဘာရယ်မဟုတ်အတွေးထဲ၀င်လာသည်က ဟိုတနေ့က အိမ်မက်ထဲ၀င်ရောက်လာခဲ့တဲ့ မျက်၀န်းညိုပိုင်ရှင်လူသားငယ်လေး...
ထိုသူရဲ့မျက်နှာကို သဲသဲကွဲကွဲမမြင်ရသော်ငြား လှပမည်ဆိုတာကိုတော့ အတပ်သိနေသည်။
ပြီးတော့ နွေးထွေးမှုကို ခံစားရသည်။
နူးညံ့တဲ့ အငွေ့အသက်လေး အပါအ၀င်ပေါ့။..
မင်းကဘယ်သူလဲ မျက်၀န်းညိုလေးရယ်..
ကိုယ်မမှတ်မိတော့တဲ့ ကိုယ့်ရဲ့အတိတ်မှာပါ၀င်ပတ်သက်ဖူးတဲ့ သူများလား?

ထိုသို့ဖြင့် အတွေးတွေများနေတုန်း တိတ်ဆိတ်ငြိမ်သက်တဲ့ ထိုနေရာသို့ မျက်မှောင်ကြုံ့ထားတဲ့ အညိုရောင်ဆံနွယ်တေဖြင့် လူသားတစ်ဦးက၀င်ရောက်လို့လာသည်။ဘောင်းဘီအိတ်ကပ်ထဲကို လက်ထည့်ရင်း ရေကူးကန်ထဲက ရေတေကို ပြုံးရင်းစိုက်ကြည့်နေခဲ့တဲ့ ထိုလူသားကထူးဆန်းနေတာတော့အမှန်..စပ်စပ်စုစုဖြင့် တစ်ဖက်လှမ်းက ထိုလူသားရှေ့ရပ်ကာ သူကြည့်နေတဲ့ ရေတေကိုကြည့်မိတော့ ငွေရောင်တလက်လက်တောက်ပနေလေသည်။
လှလိုက်တာ...
သဘောတကျဖြင့် ရေမျက်နှာပြင်တေကို ထိတွေ့နေမိတုန်း တဖက်က ထိုလူသားက ရေကန်ထဲသို့ ဘုန်းခနဲ ကျသွားတော့သည်။

ခဏတော့ ကြောင်နေမိပေမယ့် သတိ၀င်လာတော့ ထိုလူသားက ရေထဲမှာယက်ကန်ယက်ကန်ဖြင့် ...
သူ ရေမကူးတတ်ဘူးလား?

"ဘုန်း*"

အ‌တွေးတေကို အသာထားပြီး ရေကန်ထဲသို့ တွေဝေခြင်းမရှိပဲခုန်ဆင်းသွားပြီး မေ့မြောနေသည့် ကိုယ်လုံးလေးအား ဆယ်ယူလိုက်သည်။
‌ကန်ဘောင်ပေါ်ကိုရောက်သည်နှင့် ထိုလူသားရဲ့ ရင်ဘတ်ကို ဖိကာ ကယ်ဆယ်နည်းအတိုင်း လုပ်ဆောင်သည်။သို့ပေမယ့် မေ့မြောနေတဲ့ အညိုရောင်ဆံနွယ်တို့နှင့် ထိုလူသားကတော့ သတိမလည်လာခဲ့ပါ‌။
တွေဝေခြင်းမရှိပဲထိကပ်လိုက်သည့် ဂျွန့်ရဲ့နှုတ်ခမ်းပါးများက တဖက်လူရဲ့နှုတ်ခမ်းကနေ ရေတေကိုစုပ်ထုတ်သည်။
ဒီနည်းလမ်းကပဲ ဒီလူသားကိုကယ်တင်နိင်မည်မဟုတ်ပါလား?

 HURTWhere stories live. Discover now