NINETEEN

688 49 4
                                    

HURT

ကင်စံအိမ်တော်ကြီးကိုအပိုင်စီးခဲ့ပြီး ရက်အနည်းငယ်ကြာတဲ့ နောက်အထိ အန်ဟေမီဆိုတဲ့ သားအမိကိုမတွေ့ရတော့ချေ၊ကင်လုပ်သင့်လုပ်ထိုက်တာကို လုပ်ရခြင်းဖြစ်သည်ကြောင့် သူတို့ကင့်ကို မုန်းမုန်းမမုန်းမုန်း ဂရုမစိုက်ပါ..။
အဓိက က ကင်သူတို့ကို ကင့်မျက်စိရှေ့
မမြင်ရဖို့ပဲ။

တီ..တောင်

အတွေးတွေထဲနယ်ချဲ့နေတုန်း အသံကျယ်ကျယ်မြည်လာသည့် ဖုန်းမက်ဆေ့ဂ်ျသံကြောင့် ယူကာကြည့်လိုက်တော့ ဂျွန်ဆိုသည့်Contactလေးက စာပို့သည်ပင်...

'ကိုယ်တို့ Dinner Dateကြရအောင် ကင်တဲ့..'

ထိုမက်ဆေ့ဂ်ျလေးအား လက်ခံလိုက်သည့် အကြောင်းreply ပြန်ရင်း ပြုံးမိသည်မှာ အချိန်အတော်ပင်ကြာသွာသည်။
ပင်ပန်းခဲ့တဲ့ အချိန်တွေတိုင်း ဂျွန်ကအနားမှာရှိတယ်။ကင်ဒီလိုရပ်တည်နေနိုင်တာကလည်း ဂျွန့်ကြောင့်...ဂျွန်သာ မရှိရင်လေ ကင်အများကြီး အထီးကျန်နေရမယ်ထင်ပါရဲ့..။
.
.
.
.
.
.
.
ချွေးတွေထွက်ပြီးစိတ်လှုပ်ရှားနေတဲ့ ဂျွန်က ကင့်ကို ဖွင့်ပြောမည်ဟုစဉ်းစားထားသည်ကြောင့်ပင်...။
အော်..သူ့အဖြစ်ကလေ အခုမှရည်းစားစကားပြောဖူးမဲ့ဆယ်ကျော်သက်အရွယ်‌တွေလို ရှက်သွေးဖြာနေပါရောလား။
မသိရင် တစ်ခါမှ ရည်းစားမထားဖူး၊ရည်းစားစကားမပြောဖူးတဲ့အတိုင်းပင်။

ကိုယ့်အဖြစ်ကိုတွေးရင်း ပြုံးမိကာ ချိန်းထားသည့်ဟိုတယ်သို့မောင်းနှင်ရန်ပြင်လိုက်သည့်အချိန်.. ဖုန်း‌မက်ဆေ့ဂ်ျသံကြောင့်ကြည့်လိုက်တော့ အမည်မသိContactပိုင်ရှင်ကပင်...။

"ဘယ်သူပါလိမ့်.."

မက်ဆေ့ဂ်ျကိုဝင်ကြည့်လိုက်မှ ဂျွန်စွံ့အသွားရသည်။ရေးထားသည်က
'ကင်ထယ်ယောင်းက အကုန်သိနေတယ်တဲ့..'ဘာကိုဆိုလိုချင်တာလဲ?ဒါကဘာလဲ?!
ထောင်းခနဲထွက်သွားတဲ့ ဒေါသတွေဖြင့် ချက်ချင်းပင်ထိုContactပိုင်ရှင်အား ခေါ်လိုက်သည်။

"ဟယ်လို ဂျွန်ဂျောင်ဂုရှီးးး.."

"မင်း ဘယ်သူလဲ!!"

"ဟက် ငါ့အသံကိုတောင်မမှတ်မိတော့ဘူးပေါ့?"

"Hope!!"

 HURTWhere stories live. Discover now