HURT
Jungleက ပြန်ရောက်တည်းက ဂျေးက ပုံမှန်မဟုတ်တော့..။ကင့်ကို လိုတာထက်ပိုပြီး ဂရုစိုက်လွန်းတာကြောင့် ကြောင်အအဖြစ်ရသည်။ဒါ့အပြင် မိန်းကလေးတွေနဲ့လည်းမပွေမရှုပ်ပဲ အမြဲကင့်နားမှာသာ အချိန်ပြည့်နေတတ်သည်။
"ကင်..."
"အော ဂျေး.."
"ကိုယ်လာတာတောင် သတိမထားမိရအောင် ဘာတွေတွေးနေတာတုန်းဗျာ"
"မင်းအကြောင်းပေါ့...ဂျေး မင်းပုံမှန်သာနေစမ်းပါကွာ ဘာလို့ငါ့ကို တအားဂရုစိုက်နေတာလဲ"
ကင့်အပြောကြောင့် ဂျေးက တစ်ချက်ပြုံးရင်း...
"မင်း နေမကောင်းထပ်ဖြစ်မှာစိုးလို့ပေါ့"
ထိုသို့ပြောတော့ ဂျေးရှေ့က အနီလုံးလုံး အကောင်ပေါက်လေးက မျက်မှောင်ကြုံ့လေသည်။
"ကျစ်!တော်စမ်းပါ...အပိုတွေ.."
"ဟားဟား...ဒါနဲ့ကင်...ဒီညနေကိုယ်နဲ့တစ်နေရာကို လိုက်ခဲ့ပါလား...ကိုယ်လာခေါ်မယ်"
"ဘယ်သွားမလို့လဲ"
"ရောက်ရင်သိမှာပါ..."
ထိုစကားကြောင့် မျက်မှောင်ထပ်ကြုံ့မိလိုက်သည် ထင်ပါရဲ့။
မြင်လား..ဂျေးဆိုသည့် အကောင်က အဲ့လိုမျိူးကို ထူးဆန်းလာတာ။ညနေကျရင်လည်း ဘယ်သွားဦးမလဲ မသိပါဘူး..။စကားပြောနေတုန်းအတန်းတက်သွားပြီ ဖြစ်တာကြောင့် ဂျေးက အရှေ့သို့ပြန်လှည့်သွားလေသည်။ထိုအချိန်တွင် နာဟေးနဲ့အတူ ၀င်လာတဲ့ အရူးကောင်က ကင့်ဘေးနားသို့ ရောက်လာလေသည်။
ကင်ထိုကောင့်ကို စကားစပြောသင့်လား??
အာ...နေပါ ကင်က စကားစပြောရတာမှသဘောမကျတာ။ဒါပေမဲ့လည်း...သူ့ကားရှိလို့ ကင်ဆိုးလ်ကို အမြန်ပြန်နိုင်တာမလား?
ဟာ ဘာပဲဖြစ်ဖြစ်ကွာ...။"ဟိုလေ..ဂျွန်ဂျောင်-"
ထိုသို့တွေးပြီးစကားစပြောမယ်ကြံလိုက်ကာ ဘေးသို့လှည့်အကြည့် ကင့်ဘေးတွင် ဂျေးရောက်နေလေကာ...အရူးကောင်ကတော့ကင်တို့ရဲ့တစ်ဖက်ခုံကနာဟေးရဲ့ ဘေးမှာ။
"ဟင်...ဘာကြီးလဲ ကင်.."
"အာ တော်ပြီ ဘာမှမဟုတ်တော့ပါဘူး"
YOU ARE READING
HURT
FanfictionKim: -You gave me more than thousand of hurts Jeon... Drama fiction!!