TWENTY-THREE

621 47 8
                                    

HURT

အဖြူရောင်အခန်းလေးအရှေ့တွင် မိုင်တွေစွာ ထိုင်နေသည့်ကင်...။
ခုနလေးတင်ကဖြစ်ပျက်သွားသည့် ကိစ္စတွေကို မယုံကြည်နိုင်၊အိမ်မက်ဖြစ်ပါစေဟုဆုတောင်းနေခဲ့ပေမယ့်လည်း နာကျင်မှုကိုခံစားရတဲ့အထိအတွေ့ကြောင့် ဆုတောင်းတွေမပြည့်ခဲ့။
ကင်ကအရမ်းကိုတုံးအခဲ့တာပဲ။စစတွေ့ကတည်းက ကိုယ့်ကိုသဘောကျနေခဲ့တဲ့သူတစ်ယောက်ကိုတောင်မရိပ်မိခဲ့သည့်အဖြစ်..။ဂျေးအများကြီးနာကျင်ခဲ့ရမှာပဲ...။အချစ်နဲ့ထိတွေ့နေတဲ့သူမို့ ဂျေးရဲ့ခံစားချက်တွေကိုကင်နားလည်သည်။

"ဒေါက်တာ ဂျေးရဲ့အခြေအနေ...."

"လူနာက သုံးလလောက်ပဲအသက်ဆက်ရှင်နိုင်မယ်ဆိုတော့ ဒီတစ်လောအတွင်း စိတ်ချမ်းသာအောင်ထားပေးဖို့လိုပါတယ်...စိတ်ကမပျော်ရင်လူလဲကျန်းမာတော့မှာမဟုတ်ပါဘူး..ဒီလိုသာဆက်ဖြစ်‌နေမယ်ဆိုရင် သုံးလဆိုတဲ့လကပို‌တောင်လျော့သွားပါလိမ့်မယ်...."

"သုံး-သုံးလ?? ဂျေးကဘာလို့ သုံးလပဲအသက်ဆက်ရှင်နိုင်မှာလဲ!"

သုံးလဆိုသည့် ဒေါက်တာရဲ့စကားကကင့်အတွေးထဲတဝဲလည်လည်ဖြစ်နေသည်ကြောင့် ကင်မေးလိုက်တော့ ဒေါက်တာက ဆေးစစ်ထားတဲ့စာရွက်ကိုပေးလာသည်။
တုန်ရီနေသောလက်တို့ဖြင့် ထိုစာရွက်ကိုလှမ်းယူကာ မဖြစ်ပါစေနဲ့ဟုဆုတောင်းပေမယ့် စာရွက်ပေါ်က သွေးကင်ဆာနောက်ဆုံးအဆင့်ဆိုသည့် စာသားက ကင့်ကိုလှောင်ရယ်နေသလို...။
မျက်ရည်တွေအဆက်မပြတ်ကျဆင်းလာကာ စာရွက်ကိုလုံးချေလိုက်မိသည်။
မဟုတ်ဘူး! ဂျေးကဘာလို့ ဒီလိုဖြစ်ရမှာလဲ! ဒါက လုံး၀မဖြစ်နိုင်ဘူး...။

"လိမ်နေတာ...ဂျေး-ဂျေးက ဒီလိုမဖြစ်နိုင်ဘူး! ဟင့်အင်း မဖြစ်ရဘူး..."

မျက်ရည်တွေကျမဲ့အစား...တုန်ရီနေသောအသံတို့ကိုသာပြုသည်။
ဂျေးကကင့်အနားကနေထွက်သွားမဲ့သူမဟုတ်ဘူး!ကင့်မှာ ဂျေးပဲရှိခဲ့တာ...။

ခေါင်းကိုအဆက်မပြတ်ခါရင်းနားကိုပိတ်ကာ ထိုင်ချလိုက်သည့်ကင့်ကိုကြည့်ရင်း ဒေါက်တာမှာလည်းစိတ်မကောင်းရုံမျှအပဘာမျှမတတ်နိုင်ခဲ့၊အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် သွေးကင်ဆာဆိုသည့်ရောဂါကကျွမ်းသွားလျှင်ကုသလို့မရတော့တဲ့‌အရာမလား..။

 HURTWhere stories live. Discover now