FINAL

1.4K 68 6
                                    

HURT
.
.
.
.
.
လက်ထဲကကော်ဖီခွက်လေးကိုထိုင်ကြည့်ရင်းနေနေမိသည်မှာနာရီပေါင်းများစွာ...။
အလုပ်ကိုစိတ်ထဲနှစ်ကာ လုပ်ပြီးတိုင်း သောက်တတ်တဲ့ကော်ဖီ။
ခါးသက်သက်အရသာကို မနှစ်သက်တာ‌မှန်ပေမယ့် ဒီအငွေ့အသက်လေးက အသက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် နေ့တိုင်းသုံးဆောင်မိသည်။

သုံးလတောင်ရှိပြီ...အသက်ကိုယ့်ကိုထားသွားခဲ့တာသုံးလပြည့်ပြီ။
သိပ်ကိုတော်တဲ့ကိုယ့်အသက်က ခြေရာဖျောက်တဲ့နေရာမှာလဲ ဆရာတစ်ဆူလိုပင်၊ကိုးရီယားကိုမြေလှန်ကာရှာခိုင်းထားတဲ့လူတွေဆီကဘာသတင်းအစအနမှပင်မရ။

လူချင်းတွေ့ရင်တော့ ကိုယ်နွေးနွေးလေးကို တ၀ကြီးဖက်ထားပစ်ဦးမည်။
နှုတ်ခမ်း‌လှလှလေးတွေကိုလည်း တ၀ကြီးနမ်းပစ်ဦးမည်။
‌ပြီးကာမှ စိတ်ဆိုးချင်ရင်လည်း ဆိုးပါစေလေတော့...။

အတွေးတွေထဲကနေလက်ရှိအချိန်ကိုပြန်ရောက်လာချိန်မှာ တတီတီထမြည်တဲ့ဖုန်းသံ၊အမည်မသိနံပါတ်ဖြစ်တာကြောင့် လုပ်ငန်းရှင်တွေ၊ရှယ်ယာ‌ရှင်တွေများလားဟူပြီးတွေးကာ ကိုင်လိုက်သည်။

"ဟုတ်ကဲ့ J Company ကပါ"

"......."

"အိုယူ‌ဂျေး!!?"
.
.
.
.
.
.
.
တစ်ဖက်နှင့်တစ်ဖက်ဆုပ်ကိုင်ထားသော လက်များမှ ချွေးတွေပင်အနည်းငယ်ထွက်လို့နေသည်။
တစ်ညလုံးလုံးမအိပ်ပဲစဉ်းစားပြီးမှရလာခဲ့တဲ့ထိုဆုံးဖြတ်ချက်၊ငှက်‌ငယ်လေးတစ်ကောင်ကလှောင်အိမ်ထဲမှာနေနိုင်တယ်ဆိုရင်တောင်သူ့သဘာ၀အရ လွတ်လပ်ခြင်းကိုနှစ်သက်မှာပဲလေ...။
ဒါကြောင့် နာနာကျင်ကျင်ဖြင့်ပဲ ချစ်ရသူကိုလက်လွတ်ပေးတော့မည်။
သုံးလ...သုံးလတောင် ချစ်ရသူရဲ့အနားမှာနေခွင့်ရခဲ့ပြီးပြီမဟုတ်လား။

"အိုယူဂျေး...."

"အော ရောက်လာပြီလား ဂျောင်ဂု"

"မတွေ့တာကြာပြီနော် ဂျေး....ဘယ်လိုလဲParisမှာ မပျော်ဘူးလား?"

စနောက်သလိုပြောလာတဲ့ဂျောင်ဂုအား အပြုံးသဲ့သဲ့နှင့်သာ တုံ့ပြန်မိသည်။ထို့နေ့...Parisကိုထွက်ခွာတဲ့နေ့က ‌ဂျွန်ဂျောင်ဂုနဲ့တွေ့ခဲ့သည်။...ချစ်ရသူရဲ့ကိစ္စတွေကိုစုံစမ်းရတဲ့အလုပ်ကဂျေးအတွက်သိပ်လွယ်ကူတာကြောင့် ညတွင်းချင်းပင် ‌ထိုအကြောင်းတွေကိုသိခဲ့ရတာပင်။
သိသိချင်း ဂျေးလက်မခံဖို့ဆုံးဖြတ်မိခဲ့ပေမယ့် ချစ်ရသူနဲ့Parisကိုအတူထွက်ခွာရမဲ့ အခွင့်အရေးကိုလက်မလွတ်ချင်။
ဒါကြောင့်...ဒါကြောင့် ဂျေးသိရက်နဲ့ ချစ်ရသူကိုဖက်တွယ်ထားခဲ့ခြင်း။

 HURTWhere stories live. Discover now