THREE

1K 75 1
                                    

HURT
.
.
.
လှပသော နှင်းဆီခက်လေးများက ‌ရေစက်‌ လေးတွေကြောင့် ထင်...ပို၍ပင် အသက်၀င်နေသည်။နှင်းဆီတွေက သိပ်လှတယ်....သို့ပေမယ့် ကင်ကတော့ နှင်းဆီတွေအစား အဲ့ဒီနှင်းဆီလေးတွေကို ၀န်းရံထားတဲ့ ဆူးလေးတွေကို ပိုသဘောကျတယ်။

လူတွေကသိပ်ကို ရယ်ရတာပဲသိလား..။
နှင်းဆီလေးကို ခူးဆွတ်ပြီးပန်ရတာကို သိပ်သဘောကျတတ်ကြတာ...နှင်းဆီလေးကိုကာကွယ်ထားရတဲ့ ဆူးလေးကိုကျဖြတ်ထုတ်ပစ်တယ်တဲ့....။
အင်း...သူတို့ရဲ့ဖြစ်တည်မှုကိုက လူတိုင်းအတွက် အပယ်ခံ၀တ္ထုသာသာပဲဖြစ်နေကြသည် မဟုတ်လား။

ဘာပဲပြောပြော ကင်ကတော့ ဆူးတွေကို သိပ်ပြီး သဘောကျတယ်။
နာကျင်ရပေမယ့် ဆူးလေးတေက သိပ်ပြီး သတ္တိရှိတာမလား...။
နေသာနေတဲ့ အချိန်မှာဆို နှင်းဆီလေး‌တွေကို အတတ်နိုင်ဆုံး၀န်းရံထားပေးပြီး..
ကျရှုံးရသည့် အချိန်ကျလည်း တစ်ချက်မှ မညိုးသွားပဲ မြေခသွားကြရသည်လေ။...

အခန်းအတွင်းရှိပြတင်းပေါက်‌ဝံရံတာမှ နှင်းဆီပန်းအိုးလေးပေါ်သို့ ကြင်လင်အေးမြသော ရေစက်တို့ဖြင့် ဖြန်းပက်ကာ အလှဆင်နေရင်း....ကင်က တွေးတောလေသည်။

"မင်းက သိပ်လှသလို မင်းကို၀န်းရံပေးထား‌တဲ့ ဆူးလေးတွေကလဲ သိပ်ကို သဘောကျစရာကောင်းတာပဲ..."

နှင်းဆီပွင့်လေးကို ညင်သာစွာထိတွေ့ကာ ဆိုနေရာမှ ဆူးခနဲ ခံစားလိုက်ရသည့် တစ်နေရာမှ အထိအတွေ့ကြောင့် ကင် သဘောတကျ ရယ်ကာပင်...

"အဟ မင်းရဲ့နှင်းဆီလေးကို ငါ မခူးဆွတ်ရပါဘူးကွာ.."

လက်ညိုးနားမှ ထွက်နေသည့် သွေးအချို့ကိုကြည့်ကာပင် ကင်က ပြုံးကာပြောလေသည်။...
.
.
.
.
.
.
.
.
.
.
ထိုသို့သော လှပလွန်းတဲ့မြင်ကွင်းအား ရေပိုက်ကို ကိုင်ကာပင် တောင့်တောင့်ကြီး လှမ်းကြည့်နေသော လူသားတစ်ဦး....။

'ဟျောင်းက ဒီလိုတွေနူးညံ့တတ်သေးတာလား..'

ပန်းတွေကို သိပ်သဘောမကျပေမဲ့ မဖျက်စီးလိုတဲ့ ယောင်ဟွန်းက ပန်းပင်တွေရေလောင်းရမယ့် အဒေါ်ကြီးကိုပင်ကျေးဇူးတင်မိနေသလို။
ဒီနေ့ ယောင်ဟွန်းတို့ကျောင်းပိတ်တာနဲ့ အိမ်က အဒေါ်ကြီးရဲ့အလုပ်ကို ဝိုင်းကူလုပ်ပေးမိတာ...အခုတော့ ယောင်ဟွန်းအတွက် ကံကြမ္မာကြီးက လှပသော မြင်ကွင်းကို ခစားစေခိုင်းနေပါရောလား။..

 HURTWhere stories live. Discover now