TWENTY EIGHT

801 57 9
                                    

HURT

မျက်နှာမပြရဲလို့ မသိချင်ယောင်ဆောင်ပြီး..
စကားကိုလိုသလောက်တုံ့ပြန်ရတာလဲမလွယ်လိုက်တာ။ကိုယ့်လို နာကျင်မှုတွေပေးတဲ့ကောင်ကိုမှမမုန်းနိုင်ပဲဆက်ချစ်နေတဲ့ မင်းရဲ့အချစ်တွေကိုကိုယ်မခံယူဝံ့ပါဘူး ။
ဒါကြောင့်လည်း မင်းရှေ့ကကိုယ်အမြန်ထွက်လာခဲ့တာပေါ့။

ကား‌ပါကင်သို့ရောက်ရောက်ချင်း ကျတော့မည့်ဆဲဆဲမျက်ရည်များကိုသိမ်းကြုံးကာ မောင်းထွက်မည်အပြင် အနက်ရောင်ခေါင်းစွပ်အင်္ကျီဖြင့်ကောင်လေးတစ်ယောက်က ကုပ်ချောင်းကုပ်ချောင်းဖြင့် ထွက်လာတာကြောင့် ဂျွန်မသင်္ကာဖြစ်မိသည်။

ကင်??ကင်တစ်ယောက်တည်းကျန်ထားတာမလား??

ဒါကိုတွေးမိသည်နှင့် တဟုန်ထိုးပင် Steakဆိုင်ကိုပြန်ပြေးခဲ့သည်။
အထပ်တွေအများကြီးရှိတဲ့ အဆောက်အဦးဆီအလျင်အမြန်ရောက်ဖို့ရာ ဂျွန့်မှာဓာတ်လှေကားတောင်မစီးခဲ့ပါ။အရေးပေါ်လှေကားဖြင့်သာ မမောနိုင်မပမ်းနိုင်တက်လာခဲ့သည်။

မှောင်မဲနေသော ပတ်၀န်းကျင်အတွင်းဖုန်းမီးလေးကိုအားကိုးကာ လောလောကထွက်လာတဲ့ ကင်ရှိတဲ့အခန်းလေးနားရောက်တော့ ဂျက်ကျနေသည်။ဆောင့်ခနဲထိုးတက်လာသော စိုးရိမ်စိတ်တွေနဲ့အတူ ဂျက်ကျနေတဲ့ တံခါးကို ဖွင့်ကာ ၀င်လာတော့ ကိုယ့်ရဲ့ကင်က ထောင့်နားလေးမှာကပ်ပြီး ကွေးကွေးလေးလှဲနေတာ။

"ကင်!!"

‌မျက်ရည်များစွာဖြင့် မေ့လှဲနေတဲ့ထိုလူသားလေးကို ဂျွန်ပွေ့ချီကာ ခေါ်လာခဲ့သည်။
ကင်ဒီလိုဖြစ်ရတာ တစ်စုံတစ်ယောက်ကြောင့်လို့လဲ ဂျွန်ထင်သည်။ဂျက်ကျနေတည်းက ရိုးသားတာမဟုတ်!အပြင်ဘက်ကနေတစ်စုံတစ်ယောက်က တမင်တကာချသွားသည်လို့ပဲဂျွန်မြင်သည်။ဘယ်သူပဲဖြစ်ဖြစ် တရားခံကို အရှင်မထားဘူး!!
.
.
.
.
.
.
.
အထီးကျန်ခြင်းများစွာဖြင့် နိုးထရတဲ့မနက်ခင်းတိုင်းကိုကင်မုန်းသည်။
ဟိုးငယ်ငယ်လေးတည်းကနေအခုချိန်ထိ နွေးထွေးသော အငွေ့အသက်တို့ဖြင့် မနိုးထဖူးခဲ့။ဒီနေတော့ ဘာကြောင့်ရယ်မသိ...နွေးထွေးသလိုခံစားရတာကြောင့် ကင်တရေးထပ်အိပ်လိုက်မိပါရဲ့..။

 HURTWhere stories live. Discover now