TWENTY THREE

671 60 10
                                    


"အဆင်ပြေပါ့မလား သခင်လေး..."

အတွင်းရေးမှူးလီဝူးရဲ့ စကားအားခေါင်းငြိမ့်ရင်းသာ အဖြေပေးလိုက်ပါသည်။
တကယ်တော့ ‌ကိုယ့်ကိုမေ့နေတဲ့လူသား တယောက်နဲ့ မျက်နှာချင်းမဆိုင်ချင်။
သုံးနှစ်အတွင်း ဂျွန်က ကင့်ကိုအပြီးအပိုင်မေ့ပစ်လိုက်ပြီး..ဟွန်းနဲ့များတွဲနေခဲ့တာလား..?
သုံးနှစ်လုံးလုံးဒီအတိုင်းထားသွားခဲ့တာက ဒါတေကြောင့်လား?

"ဟူး...."

ခပ်သဲ့သဲ့ချမိတဲ့ သက်ပြင်းက ၀မ်းနည်းနေတဲ့ စိတ်တို့အား ပြေလိုပြေညား ပြုလုပ်မိတာ..။
မထူးတော့ ဂျွန့်ရဲ့အဖွားဆိုသူနဲ့ တွေ့ဖို့ချိန်းပြီးမှတော့ဘယ်တတ်နိုင်ပါ့မလဲ ..?

ချိန်းထားတဲ့ အခန်းတွင်းသို့ ၀င်၀င်ချင်းအံ့ဩစွာကြည့်လာခဲ့တဲ့ မျက်၀န်းဝိုင်းတေကို မသိဟန်ပြုလိုက်သည်။
စိတ်ချပါ ဂျွန်ရယ်...ငါဒီကိစ္စကိုသေချာပေါက်ငြင်းမှာပါ မင်းအနေရမကျပ်စေရပါဘူး..။

"အော ထယ်ရောက်လာပြီ.."

"‌ဟို ကျွန်တော်နောက်များကျသွား.."

"မကျပါဘူး ထယ်ရယ်..ဖွားကသာစောလွန်းသွားတာ.."

"အာ ဟုတ်ပါပြီဗျာ..ဒါနဲ့ ဖွား ကျွန်တော့်ကိုတွေ့ချင်တဲ့ ကိစ္စက...?"

"ဖွားမြေးလေး ဂျွန့်ကို ထယ့်ရဲ့ကုမ္ပဏီမှာ တပတ်လောက် အလုပ်ဆင်းခိုင်းမလို့ပါ.."

"ဗျာ..အာ အဆင်ပြေပါ့မလား ဖွား.."

ဂျွန့်ရဲ့ စိတ်ရှုပ်နေပုံပေါ်တဲ့ အမူအယာအား ကြည့်ရင်း ကင်ပြောသည်။
ငါ့နဲ့ပတ်သက်ရမှာ အဲ့သလောက်တောင် စိတ်ရှုပ်ရလား ဂျွန်ရယ်..။

"ပြေတာပေါ့ ထယ်ရယ်..မြေးက ကျောင်းပြီးလို့ လေ့လာသင့်တဲ့အရာတေကို လေ့လာထားပြီးပေမယ့် အတွေ့အကြုံမရှိသေးတာမို့ မစိမ်းသွားအောင် ထယ့်ကို အပ်တာပါ..
ပြီးတော့ မြေးက ဒီကြားထဲအတိတ်မေ့ထားလို့လေ.."

"ဗျာ!!"

ဖွားရဲ့စကားကြောင့် တဖက်နှင့်တဖက်စုပ်ကိုင်ကာ စားပွဲပေါ်သို့တင်ထားသည့် လက်များက ပို၍တင်းကျပ်လို့သွားသည်။
မြေးက အတိတ်မေ့ထားတယ်?
ဒါ ဒါဆို အခု ဂျွန်က‌ အတိတ်မေ့နေတာပေါ့..။
ဒါကြောင့် ကင့်ကိုမနေ့က သူစိမ်းဆန်တဲ့မျက်၀န်းတေနဲ့စူးစိုက်ကြည့်နေခဲ့တာလား.။
ဦးနှောက်ထဲမေးခွန်းပေါင်းများစွာဖြင့် သိချင်လာခဲ့တဲ့ ကင်က အရဲစွန့်စွာ ဖွားအား ထပ်မေးမယ်ပြင်တော့ ကင့်အားအကဲခတ်နေတဲ့ မျက်၀န်းဝိုင်းတေကြောင့် အခက်တွေ့ရသည်။

 HURTWhere stories live. Discover now