TWELVE

698 46 4
                                    


HURT

ဟိုတယ်တစ်ခုရဲ့ဈေးအကြီးဆုံးVIPအခန်း။ထိုအခန်းအကျယ်ကြီးတွင် Suit၀တ်ထားသော ဆံပင်အဝါရောင်ဖြင့် ကောင်လေးတစ်ယောက်က ရှုပ်ပွပွလျက်ရှိ‌သော ပစ္စည်းတွေနှင့် ဖန်ကွဲစ‌တွေကြားထဲ ဖရိုဖရဲလို့နေသည်။
နှုတ်ဖျားမှလည်း'ကင်'ဟူသော နာမ်စားကိုရေရွတ်ကာ အရက်ကိုသာ တစ်ပုလင်းပြီးတစ်ပုလင်း စွတ်သောက်နေလေသည်။

ဂျေးစိတ်မထိန်းနိုင်စွာ ထွက်သွားတော့မလိုလုပ်ပေမယ့် ၀င်လာသည့် မက်ဆေ့ဂ်ျ‌လေးတစ်ခုက ဂျေးအားတုန်လှုပ်စေလေသည်။
ထိုသည်က ဂျေးစုံစမ်းခိုင်းထားသည့် သူတစ်ဦးဆီက ပို့လိုက်သည့်ဓာတ်ပုံ။
ကိုယ်သိပ်ချစ်ရသောသူနဲ့ ကိုယ်သိပ်အမြင်မကြည်ပါသော လူနှစ်ယောက်က အဝါရောင် ဒေစီပန်းခင်းကြီးထဲမှာ နမ်းနေကြတာ။

"အေ့ ကင်..မင်း သိပ်ရက်စက်တယ်"
.
.
.
.
.
.
.
.
.
.
"သားထယ် သားအကြိုက်တွေချည်းပဲချက်ထားတာ...အကြိုက်တွေ့ရဲ့လား..."

"အင်း..."

"မင်းရဲ့မေမေလေး ဟေချက်ပေးထားတာလေ စားကောင်းတယ်မလား..."

"ကျွန်တော်၀ပါပြီ"

မေမေလေးချက်ပေးထားသည်ဆိုတဲ့ စကားကြားလိုက်ရသည့်အချိန် စားထားသမျှကိုတောင် ပြန်အန်ထုတ်ချင်စိတ်ပေါက်‌သည်။
ရွံ့လိုက်တာ၊အဲ့မိန်းမကို ကင်သိပ်ရွံတာပဲ။

ဒေါသတွေနဲ့ထွက်လာတဲ့ ကင့်ကို မနေ့တုန်းက သတိမထားမိခဲ့ နှင်းဆီနီလေးကငြိမ်းစေသည်။

"နှင်းဆီလေးက ပွင့်နေပြီပဲ..လှလိုက်တာ.."

စားပွဲခုံ‌ပေါ်က Sprayဘူးလေးအား လှမ်းယူကာ နှင်းဆီလေးအားအစိုဓာတ်ပေးနေတုန်း...

~So..I tell you... million tiny..thing-

"ဟယ်လို...."

"ကင် ကိုယ်နဲ့ ခဏလောက် တွေ့ကြရအောင်..."

"အင်း ဂျေး ငါလာခဲ့မယ်..."
.
.
.
.
.
.
.
.
"ဘာ !ဂျေး!! မင်းက Usကို ထွက်သွားတော့မယ်?"

"အင်း...ဟုတ်တယ် ကင် အခုပဲ ငါထွက်သွားတော့မှာ"

"ဘာလို့လဲ ဂျေးရာ...မနေ့က ကိစ္စကြောင့်လား..?"

 HURTWhere stories live. Discover now