THIRTY-FOUR

651 49 4
                                    

HURT

သာယာလှပတဲ့ညနေခင်းလေးရဲ့နေ၀င်ချိန်ဆည်းဆာကို ပြတင်းပေါက်ကနေလှမ်းကြည့်နေသည့် ထိုလူသား....။
ဖြူဖြူဖွေးဖွေးအသားအရေက ပို၍ပင်ဖြူဖတ်ဖြူယော်ဖြစ်နေသည်မှာအားနည်းနေသော လူတစ်ယောက်မှန်းသိသာစေသည်။
သွေးတွေမရှိတော့တဲ့လူတစ်‌ယောက်လိုပင် နှုတ်ခမ်းပါးတွေသည်ပင်ပြာနှမ်းနေခဲ့၏။

ရှုစားရတဲ့ရှုခင်းကြီးကလှပလို့နေပေမယ့် ဒီလူသားရဲ့ရင်ဘတ်ကြီးထဲမှာတော့ အရာအားလုံးဟာတစ်စဆီစုတ်ပြဲလို့....။
ပြောချင်တာကိုပြောပြီးမှတော့ အသက်ဆက်မရှင်ခိုင်းပဲ သေခိုင်း‌လိုက်ပါလားဟုတွေးမိတော့ နာကျင်စွာပင်ပြုံးမိသည်။

"ဂျေး....."

ရုတ်တရက်ကြားလိုက်ရတဲ့ခေါ်သံတစ်သံကြောင့် ထပ်ပြီးပြုံးမိပါရဲ့။
ကြားချင်ရာတွေကြားတတ်နေရန်ကော ဂျေးရယ်...။

"ဂျေး...."

မဟုတ်လေတော့၊ထပ်မံကြားရတဲ့ထိုအသံကြောင့် လှည့်ကြည့်မိတော့ တံခါးနားကနေ လှပစွာပြုံးပြနေသည့် ချစ်ရသူရယ်...။

"မင်း ဘာ-ဘာလာလုပ်တာလဲကင် ..."

"ငါမင်းဆီလာခဲ့တာဂျေး....မင်းနဲ့အတူနေဖို့လာခဲ့တာ"

ပြောရင်းဆိုရင်း ဂျေးအနားကိုလျှောက်လမ်းလာတဲ့ချစ်ရသူက ဘာတွေလုပ်နေတာပါလိမ့်။ဂျေးနဲ့အတူနေဖို့ဆိုရင်...ဂျောင်ဂုကဘယ်လိုဖြစ်သွားမှာလဲ?

"ဆန်ပြုတ်သောက်ရအောင်ဂျေး...ငါကိုယ်တိုင်ပြုတ်လာခဲ့တယ်"

ဆန်ပြုတ်တွေကိုခွက်တစ်ခုထဲထည့်ကာ ဇွန်းကိုတပ်ပြီး ဂျေးရှေ့တွင်ထိုင်လိုက်သည့်ကင်။ပြုံးပြနေတဲ့မျက်နှာလေးရဲ့နောက်ကွယ်မှာ ၀မ်းနည်းရိပ်ယောင်သမ်းနေတဲ့အငွေ့အသက်တွေကိုခံစားမိတော့ ခွန့်ကျွေးလို့နေတဲ့ ဆန်ပြုတ်ကိုပင် မစားနိုင်..။

"စားလေ ဂျေး...မနက်ဖြန်ကျ ငါနဲ့အတူတူ Parisကိုသွားရမယ်မလား?"

"Paris?"

"အွန်း ငါနဲ့အတူသွားချင်တယ်လို့မင်းပြောဖူးတယ်မလား? ဒါကြောင့် မနက်ဖြန်သွားကြမယ်.."

Paris ကိုအတူတူသွားရမည်ဆိုသည့်စကားကိုကြားလိုက်ရတဲ့ဂျေးရဲ့မျက်၀န်းတွေကအရောင်လက်နေသည်။သို့ပေမယ့် မကြာပါ၊ချက်ချင်းပင် အရောင်မှေးမှိန်သွားတဲ့ မျက်၀န်းတွေနဲ့အတူ ‌ကင့်ကိုကြည့်နေရာကမျက်နှာလွဲသွားတဲ့ဂျေး...။ပြီးတော့ပြောလာတာက..

 HURTWhere stories live. Discover now