FIFTEEN

698 54 4
                                    

HURT

နောက်ကျိကျိခံစားချက်နဲ့အတူ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့်မျက်နှာကျက် အပြာနုရောင်ကြောင့် ဂျွန့်မျက်လုံးတွေပြူးကျယ်လာသည်။ဂျွန်ဘယ်ရောက်နေတာလဲ...။ညက Hopeရဲ့ Barမှာ သောက်နေခဲ့တာလေ။
အခုဘယ်လိုလုပ်..?
ဘယ်လိုစဉ်းစားစဉ်းစား မမှတ်မိတော့တဲ့ ဦးနှောက်အစုံကြောင့် ကျစ်စုတ်သတ်မိသည်။ဘာမှမမှတ်မိတော့အောင် ဘယ်လောက်ထိ မူးရူးအောင် သောက်ထားမိပါလိမ့်။

"ဂျွန် နိုးလာပြီပဲ..."

တံ‌ခါးပေါက်၀မှာ ထွက်ပေါ်လာသည့် ဩရှရှအသံလေးကြောင့် ဂျွန်လှည့်ကြည့်မိတော့ ကင်..။
ဒါဆို ဒါက ကင်ထယ်ယောင်းအခန်းပေါ့?

"ကင်...ကိုယ်ညက ဘယ်လိုရောက်လာတာလဲ..ပြီးတော့ ဒါက ကင့်အခန်းလား..?"

"မဟုတ်ဘူး ဂျွန်...ဒါက ကင် တခါတလေနေဖို့အတွက် ၀ယ်ထားတဲ့ တိုက်ခန်းလေး.. ညက ဂျွန်ဒီတိုင်းမူးပြီးရောက်လာတာလေ.."

"အော်.."

"အင့်...ဂျွန် သံပုရာရည်လေးသောက်လိုက်ပါဦး.."

"ကျေးဇူးပဲ ကင်..."

အပူအပင်ကင်းစွာ သံပုရာရည်ကို မော့သောက်လိုက်သည့် ဂျွန်က ဘာကိုမှမှတ်မိပုံမပေါ်၊ဖန်ခွက်ကိုချကာ ကင့်အား ပြုံးပြရင်း ရုတ်တရက်ဆွဲဖက်လိုက်တဲ့ ဂျွန့်ကြောင့် ကင့်မှာ အလန့်တကြား။အနောက်ကနေ သိမ်းကြုံးဖက်ထားရင်း ပုခုံးပေါ်သို့ တင်လာတဲ့ ဂျွန့်ရဲ့ မျက်နှာချောချော။
ဒီအခြေအနေမှာ ကင်မျက်ရည်မကျအောင်ထိန်းထားမိသည်။
ဒီအပြုအမူတွေ...ဒါတွေအကုန်လုံးက ဟန်ဆောင်မှုသက်သက်တွေပဲမလား...။

"ရွှတ်..မွေးလိုက်တာ..."

လည်ပင်းကိုနမ်းရှုံ့လာတဲ့ ဂျွန့်ကြောင့် မနေတတ်စွာ ရုန်းထွက်မိရင်း...

"ဂျွန်...ဟို ငါ-ငါ သန့်စင်ခန်းသွားဦးမယ်..."

ဂျွန့်အပြောကိုပင်နားမထောင်တော့ပဲ အမြန် ပြေးထွက်လာသည့် ကင်က မျက်ရည်များဖြင့်...။သန့်စင်ခန်းတံခါးကို လော့ချကာ ကင်ပါးစပ်ကို အုပ်ကိုင်ရင်း အသံမထွက်အောင်ကြိတ်ငိုသည်။မနေ့က ဂျွန်ပြောခဲ့သည်က အလောင်းအစားတစ်ခုကြောင့် ကင့်ကိုလိုက်ရသည်တဲ့။အံဩလွန်းလို့ ဘာမျှပင်မပြောနိုင်၊ဂျွန်ပေးခဲ့တဲ့ နူးညံ့မှုတွေ၊
ဂျွန်ပေးခဲ့တဲ့ ကြင်နာမှုတွေ၊ဒါတွေအကုန်လုံးက အဲ့ဒီ့ အလောင်းအစားကြောင့်တဲ့။

 HURTWhere stories live. Discover now