SEVENTEEN

679 51 2
                                    

HURT

"ဂျွန်...ပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖန်တီးပေးလို့ ကျေးဇူးပါပဲ"

"ကင်ပျော်နေရင်ကိုယ်က ကျေနပ်ပါပြီ.."

ပြောမှသိ၊သိမှပိုခက်နေတဲ့ဂျွန်က ခံစားချက်အမှန်တွေကို သိလိုက်ရပြီ။
ကင်ထယ်ယောင်းထံ ကျရှုံးသွားတာကို ဂျွန်၀န်ခံပါတယ်။ပြီးတော့လည်း...ဒီနေ့ပဲ ဂျွန့်ရဲ့ ခံစားချက်တွေကို ထုတ်ပြောတော့မည်ဟုစီစဉ်ထားသည်။ကင် သူ့ကိုခွင့်မလွတ်ရင်တောင်အနည်းဆုံးတော့ ဒါတွေက မေတ္တာအစစ်မှန်တွေဆိုတာ သိစေချင်ယုံ။
Hopeဆီကိုလည်း ဒူးထောက်အရှုံးပေးတော့မည်ဟု ဂျွန်စီစဉ်ထားသည်။
ဟူး...တသက်လုံးအနိုင်ပိုင်းလာတော့ တစ်ပါးသူရှေ့ ဒူးထောက်ရမှာလဲ အခက်သား။သို့ပေမယ့် အဲ့ဒီ့အရှုံးတွေထက် ဂျွန်က ကင့်ကိုနက်နက်နဲနဲကိုချစ်မိသွားတယ်လေ။ချစ်တော့လဲ အရှုံးပေးယုံပေါ။...

"ကင်ကိုယ်လေ...မင်းအပေါ်၀န်ခံစရာတစ်ခုရှိတယ်..."

ဒိတ်ခနဲ ခံစားချက်နှင့်အတူ တုန်လှုပ်သွားတဲ့ ကင့်ရဲ့ လက်ဖျားလေးများ။ဧကန္တ ဂျွန်ကလေ ကင့်ကို လမ်းခွဲစကားများပြောတော့မှာလား?ဟင့်အင်း မဖြစ်ဘူး ငါ...ငါအဆင်သင့်မဖြစ်သေးဘူးလေ ဂျွန်...။

"ဟင်...ဘာ-ဘာကိုပြောမှာလဲ နောက်ကျနေပြီလေ မနက်မှပြောပေါ့ ဂျွန်ရာ နော်..."

"ဟင့်အင်း ကိုယ်နောက်ကျသွားလို့မဖြစ်ဘူး..."

ဂျွန်ရယ်...။အဲ့လောက်တောင်မှ ငါ့အနားမှာမနေချင်တော့တာလားဟင်...။ငါမှားတာပါ။ အစကတည်းကမင်းကို နာနာကျင်ကျင်နဲ့ မဖက်တွယ်မိခဲ့ရမှာ။ငါလေ မင်းကို အများကြီး ငြီးငွေ့နေစေပြီထင်ပါရဲ့။...

"ကိုယ်လေ-ကိုယ်မင်းကို.."

So I tell you...million tiny things~

အသံကျယ်ကျယ်ဖြင့် မြည်လာသည့် ဖုန်းသံကြောင့် တော်ပါသေးရဲ့ဟုတွေးရင်း သက်ပြင်းချမိလေသည်။
‌‌Contactပိုင်ရှင်ကအမည်မသိနံပါတ်စိမ်းဖြစ်နေတာကြောင့် ဂျွန့်အား ခွင့်တောင်းကာ ဖုန်းကိုင်လိုက်တော့ ထွက်ပေါ်လာသည့် ငိုသံသဲသဲ့ကြောင့် ကင်စိုးထိတ်မိသွားသည်။တပြိုင်နက်တည်း ‌‌စိတ်အလိုမကျပင်ဖြစ်သွားသည်။ဘယ်သူကများ ဒီလိုအချိန်မတော်တရော်ကြီးမှ လာနောက်နေတာလဲပေါ့။

 HURTWhere stories live. Discover now