THIRTY

676 58 13
                                    

HURT

ယောင်ဟွန်းချိန်းထားသည့် Highlight
ဆိုသည့်ဟော်တယ်သို့ဂျွန်ရောက်လာခဲ့သည်။ဘာအကြံဉာဏ်တွေရှိလို့ဒီလိုနေရာမျိုးကိုချိန်းသလဲမသိပေမယ့်လောလောဆယ် အရေးကြီးတာက ထိုကောင်လေးရဲလက်ထဲရောက်ဖို့ပင်။

"ရောက်လာပြီလား...ဂျွန်"

အင်္ကျီလက်ရှည်အပါးတစ်ထည်ကိုသာ၀တ်ဆင်ထားတဲ့ကောင်လေးကြောင့် ဂျွန် ဘာမှမပြောပဲ ခပ်လှမ်းလှမ်းမှာသာ၀င်ထိုင်လိုက်ပြီး....

"ဘာကိစ္စရှိလို့ငါ့ကိုခေါ်တာလဲ..?"

"အဟင်း...ဟွန်းကိုစိမ်းကားလှချည်လားဂျွန်ရဲ့..ကိုယ့်ချစ်သူပဲကိစ္စရှိမှတွေ့ရမှာလား..."

ပြောရင်း ဝိုင်ကိုစိမ်ပြေနပြေသောက်နေတဲ့ကောင်လေးကြောင့် ဂျွန်စိတ်ညစ်မိသည်။ဂျေးဆိုတဲ့အကောင်ကလည်း အမြန်မလာဘူး။

"ဂျွန်ကော ဝိုင်သောက်ပါဦးလား...အိုမို ဝိုင်တွေဖိတ်သွားပြီ"

"ဖယ်စမ်း!"

ဝိုင်တွေဖိတ်သွားတဲ့ဂျွန့်ရဲ့ရင်ဘတ်နားကို လက်ရဲဇက်ရဲလာကိုင်တဲ့ကောင်‌လေးရဲ့လက်တွေကကြမ်းတမ်းစွာ လွတ်ချမိတော့ တဟားဟားရယ်သည်။

"ဂျွန်ကလည်း...ရင်ဘတ်လေးပေါ်လက်တင်မိတာကို အဖြစ်သည်းလိုက်တာ..."

ညူတူတူပြောလာတဲ့ကောင်လေးနဲ့ဂျွန်ဆက်ပြီးမနေသင့်တော့တာကြောင့် ထရပ်လိုက်မိတော့ ရုတ်တရက် ဆွဲချလိုက်တဲ့ထိုကောင်လေး၊ဟန်ချက်ပျက်ကာဆိုဖာပေါ်လဲကျသွားသည့်ဂျွန့်ရဲ့နှုတ်ခမ်းတွေပေါ်ဖိကပ်လာသည့်ထိုကောင်‌လေးရဲ့နှုတ်ခမ်းများ။
ဒီအခြေအနေကြီးကိုဂျွန်ကြောင်နေမိသည့်အခိုက်အတန့် ‌ငိုသံသဲ့သဲ့ကြားရတာကြောင့်ထို ကောင်လေးကိုတွန်းဖယ်ကာ တံခါး‌
ပေါက်၀ကိုလှည့်ကြည့်မိမှ မျက်ရည်များစွာနဲ့ ဂျွန်တို့ရဲ့အခြေအနေကို တုန်ရီစွာစိုက်ကြည့်နေခဲ့တဲ့ ကင့်ကိုတွေ့လိုက်ရသည်။

ပြေးထွက်သွားတဲ့ကိုယ်လုံးလေးနောက်အမြန်ပင်ပြေးလိုက်ကာ ရင်ခွင်ထဲ‌ဆွဲသွင်းတော့ရုန်းသည်။ရှင်းပြမည်ကြံတော့ မကျေနပ်ချက်လေးတွေက တန်းစီပြီးထွက်လာသည်။မျက်ရည်တွေနဲ့မင်းက ကိုယ့်ရဲ့နှလုံးသားကို ငိုကြွေးအောင်ပြုစားနေသလား...။
တမြေ့မြေ့နဲ့နာကျင်စေတဲ့ ထိုစကားလေးတစ်ခွန်း...။

 HURTWhere stories live. Discover now