THIRTEEN

672 55 2
                                    

HURT

"အာ့ ကျစ်..ခေါင်းတေမူးလိုက်တာ"

မနေ့ညက သောက်ထားတဲ့ အရှိန်တေက မနက်နိုးထလာသည့် အချိန်တွင် ခံစားရသည်။
မနေ့ကဆိုမှ မနေ့က ဂျွန့်ကို အဖြေပေးလိုက်တာပဲ။

"ရှက်လိုက်တာ..."

လက်သည်းကို ကိုက်ကာ အရှက်သဲမိနေတုန်း ၀င်လာတဲ့.message..လေးတစ်စောင်

'ကင် ကိုယ်လာခေါ်ပြီနော် အဆင်သင့်ပြင်ထားတော့ .. အာပြီးတော့..ချစ်တယ် '

ထိုမက်ဆေ့ဂ်ျလေးကြောင့် ကင်ပြုံးမိသွားသည်ထင်ပါရဲ့။
ဂျွန်လာခေါ်မည်ဖြစ်တာကြောင့် အိပ်ယာကနေကုန်းရုံးထကာ ပြင်ဆင်ရတော့သည်။
ရေမိုးချိူးပြီးလို့ School Uniform လေးအား ကောက်၀တ်ကာ လာဗင်ဒါရေမွေးလေးအား အနည်းငယ်ကောက်စွတ်လိုက်သည်။

တီတီ!!

ဆိုင်ကယ်သံကြားတာကြောင့် ပြတင်းပေါက်နေထွက်ကြည့်တော့ ဂျွန်က ကင့်ရဲ့အခန်းအား သိသည်ထင် မော့ကြည့်လာကာ  ပြုံးပြရင်း လက်ယက်ခေါ်လေသည်။
ထို့ကြောင့် ကင်လဲ လွယ်အိတ်ကို ကောက်လွယ် အမြန်ပင် ပြေးဆင်းကာ သွားမလို့လုပ်တုန်း...

"သားထယ် ထမင်းမစားတော့ဘူးလား"

"ဟင့်အင်း အာပါး ကျွန်တော်အပြင်မှာစားလိုက်မယ်"

အားပါးကို ဖြေရှင်းချက်ပေးပြီးတာနဲ့ ခြေ‌လမ်းတေက မြန်ဆန်နေခဲ့လေကာ ဆိုင်ကယ်ပေါ်မှာ ရပ်စောင့်နေတဲ့ ဂျွန့်ကိုမြင်မှ အရှိန်သတ်ရသည်။
ဂျွန်ကလည်း ကျွန်တော်လာတာမြင်တော့ ဆိုင်ကယ်ပေါ်ကနေ ဆင်းကာ ကိုင်ဆောင်ထားသည့် ဆိုင်ကယ်ဦးထုပ်လေးအား ဆောင်းပေးလေသည်။

ပြီးတာနှင့် ရုတ်တရက်ကြီး ပြုမူလိုက်သည့် အပြုအမူက ကင့်အား ရေခဲရိုက်ထားသလိုတောင့်တောင့်ကြီးဖြစ်စေသည်။
အကြောင်းကား ဂျွန်က ဆိုင်ကယ်ဦးထုပ်ပေါ်ကနေ ကင့်အား အနမ်းပေးနေတာ...

"ကောင်းသော မနက်ခင်းလေးပါ ကင်.."

"ဟင် အင်း အင်း..."

မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြောင်အအနဲ့ တုံ့ပြန်လေတော့ ဂျွန်က ဆိုင်ကယ်‌ဦးထုပ်လေးပေါ်ကနေ နဖူးလေးကို ဖွဖွလေး တောက်လေသည်။

 HURTWhere stories live. Discover now