SIX

808 55 0
                                    

HURT
.
.
.
.
.
ဂျွန်လိုက်လာတော့ ဂျွန့်ရဲ့မာနအိုးလေးကဝိုင်ငှဲ့နေလျက်...
ဘာကြောင့် လိုက်လာတယ်?
ဘာလုပ်ဖို့ လိုက်လာတယ်?ဆိုသည်ကို ဂျွန်မသိ။ဂျွန်သိတာက ‌လောလောဆယ်တော့ ဂျွန့်ရဲ့အရှေ့က အနီ‌လုံးလုံးလေးအား စနောက်ချင်‌နေတာပင်။

ထို့ကြောင့်မာနအိုးလေး သောက်မလိုလုပ်နေသည့်ဝိုင်ခွက်ကို ဆွဲလုကာ ဂျွန်ကမော့သောက်တော့...မာနအိုးလေးက ထုံးစံအတိုင်း မျက်မှောင်ကြုံကာ စိုက်ကြည့်လျက်...
ဘာမှတော့ မတုံ့ပြန်...နောက်ထပ် ဝိုင်ခွက်တစ်ခွက်ကို ယူကာပင် ထပ်ငှဲ့လေသည်။
ဒီတစ်ခါမှာလဲ ဂျွန်ကနှောင့်ယှက်လေသည်။...

ဒီလိုနှင့် ဆက်တိုက်နှောင့်ယှက်သည့် အဆုံး မှာတော့ ဂျွန့်ရဲ့ မာနအိုးလေးက ဘာမှမပြောလေပဲ ထထွက်သွားတော့ ဂျွန့်မှာ တကောက်ကောက် လိုက်ရသေးသည်။..
ဂျွန့်မာနအိုးလေး၏ ခြေလှမ်းတွေက တစ်နေရာအရောက် ရပ်တန့်သွားသည့် အချိန်မှာတော့ ဂျွန်လည်းထိုနည်းတူလိုက်ရပ်သည်။..
ဂျွန့်ဆီသို့ တည့်တည့်မတ်မတ်လျှောက်လာသည့် မာနအိုးလေး၏ မျက်၀န်းတွေက အသက်မပါသလို ခပ်စိမ်းစိမ်းအကြည့်တွေဖြင့်သာ...။

"မင်းဘာဖြစ်ချင်နေတာလဲ.."

"သူငယ်ချင်း...မင်းရဲ့ သူငယ်ချင်း ဖြစ်ချင်တာ မာနအိုးလေး.."

"ဟော...? အဲ့လိုလား.."

ရွဲ့စောင်းသလို ရယ်လိုက်ပေမယ့် ..ဂျွန့်မာနအိုးလေးက အမြင်ကပ်စရာမကောင်းနေခဲ့ပါ။...

"ဟက် ! ဘယ်လိုလုပ်မလဲ..ငါကမင်းကိုမှ သဘောမကျတာ..."

ပြောကာ လှည့်ထွက်တော့မည့် မာနအိုးလေးလေးကြောင့် အမြန်ပင် လက်ကောက်၀တ်လေးအား လှမ်းဆွဲမိတော့ ချက်ချင်းပင်ဖြုတ်ချသည်။..
ခဏတာလေးဆိုပေမယ့် နူးညံ့မှုက အောချလောက်စရာ...။

"မင်းဘာလုပ်တာလဲ! လွတ်!"

ထပ်မံကာပင် နူးညံ့မှုလေးအား တင်းတင်းစုပ်ကိုင်တော့ ရုန်းလာသည့် မာနအိုးလေးက တကယ့်ရွှေပန်ကန်လုံးလေး...။

"မလွတ်ဘူးဆိုရင်ကော..."

"ကျစ်! လွတ်စမ်း အရူးကောင် .!"

 HURTWhere stories live. Discover now