THIRTY-TWO

613 48 4
                                    

HURT

ယောင်ဟွန်းဆုံးသွားသည့်ကိစ္စကြောင့်အန်ဟေမီကထောင်ထဲ၀င်ခံသည်။
မကောင်းတဲ့သူတွေကမကောင်းရာလမ်းအတိုင်းပဲသွားတာမို့ ကင်မသနားမိ။
အန်ယောင်ဟွန်းကိုသာအနည်းငယ်ဂရုဏာစိတ်၀င်မိသည်။ဒါပေမယ့်လည်း မတတ်နိုင်...ကံကြမ္မာကြီးကထိုသို့ဖြစ်အောင်စီမံပြီးခဲ့ပြီမလား...။

ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျစေဟု တရားသူကြီးက အတည်ပြုလိုက်သည်နှင့် သူမပြုံးမိသည်။ထိုက်တန်ပါတယ်...ထောင်ထဲမှာပဲသူမအပြစ်ကြွေးတွေကိုကျေအောင်ဆပ်နိုင်တာပေါ့။

"ခဏလောက်...အချိန်ပေးပါ"

ရဲတွေကိုတောင်းဆိုကာ ကင်ထယ်‌ယောင်းဆီသို့ဦးတည်ကာသွားလိုက်သည်။
အခုချိန်တောင်းပန်ရင်နောက်မကျသွားဘူးမလား..။

"ထယ်ယောင်း...."

ခေါ်လာသူအားလှည့်ကြည့်မိတော့ တောင်းပန်သောမျက်၀န်းတွေကစီးကြိုသည်။အရာအားလုံးပြီးဆုံးသွားမှတောင်းပန်တဲ့တောင်းပန်မှုမျိုးကို ကင်သဘောမကျ။

"ငါတောင်းပန်ပါတယ်...ငါမင်းအပေါ်မှာအမှားတွေအများကြီးလုပ်ခဲ့မိတယ်၊အခုလိုတောင်းပန်တာကလည်း မင်းရဲ့ခွင့်လွတ်မှုကို
လိုချင်လို့မဟုတ်ပါဘူး...ငါကခွင့်မလွတ်သင့်တဲ့သူတစ်ယောက်မို့ အနည်းဆုံးတော့မင်းကိုပြန်တောင်းပန်ချင်တာပါ"

"တောင်းပန်တာကိုလက်မခံနိုင်တာမို့...ခဗျားအပြစ်ကြွေးတွေကိုသာထောင်ထဲမှာကျေအောင်ဆပ်လိုက်ပါ"

အစကတည်းကမှားခဲ့တဲ့သူ၊‌တစ်လျှောက်လုံးကိုယ့်အပေါ်ကောင်းခြင်းဆိုသည့် အရာကိုမပေးခဲ့၊ဖျက်ဆီးလိုတဲ့ မုန်းတီးလိုတဲ့ လောဘရမ္မက်တို့ဖြင့်ပြည့်နှက်နေတဲ့ထိုသူမရဲ့တောင်းပန်ခြင်းကိုကင်လက်မခံမိ။
တောင်းပန်တဲ့စကားက သေသွားတဲ့သူရဲ့အသက်ကိုပြန်ဆယ်ယူနိုင်မှာမှမဟုတ်ပဲ။
.
.
.
.
.
.
.
ဖန်သားပြင်ခြားနေတဲ့ အာပါးရဲ့ပုံလေးကိုလက်ဖြင့်ထိတွေ့လိုက်သည်။အဝါရောင်မြေအိုးလှလှလေးထဲမှာရှိနေတဲ့အာပါးရဲ့အရိုးပြာတွေ။
ငယ်ငယ်တည်းကနေအခုချိန်ထိ ကင့်အပေါ်မေတ္တာ‌တွေမပေးနိုင်ခဲ့တဲ့အာပါးကိုမုန်းမိခဲ့‌ပေမယ့် အခုတော့ အာပါးကိုနားလည်စပြုလာပါပြီ။
အာပါးကချစ်တာကိုထုတ်မပြတတ်တဲ့လူစားတစ်ယောက်ဆိုတာ....။

 HURTWhere stories live. Discover now