FIVE

868 57 7
                                    

Hurt
.
.
.
.
"ကင်...ဆံပင်အပြာကောင်က မင်းနဲ့ တခုခုပတ်သက်နေတာလား.."

ဆိုဖာပေါ်တွင် ကန့်လန့်အိပ်နေတဲ့ ဂျေးက laptop ကို အာရုံစိုက်ကာ နှိပ်နေသော ကင့်အားမေးလေးသည်။...

"ဘာကို ဆိုလိုချင်တာလဲ ဂျေး.."

ကင်ပြောတော့ ဂျေးက အိပ်နေရာမှ ထလာကာ..

"အင်း...ဒီတိုင်း မင်းနား သူ့ကိုအမြဲတွေ့နေရလို့.."

"အဲ့တော့.."

"အဲ့တော့ မင်းနဲ့တခုခုပတ်သက်နေမလား လို့ပါ.."

ဂျေး၏ စကားအဆုံး ကင်က ရယ်ကာ လက်တော့ပ်ကို ပြန်အာရုံစိုက်ကာ ပြောသည်က...

"ဂျေးကောင်ရ ငါနဲ့သူနဲ့က ဘာမှမပတ်သက်သလို ဒီတိုင်း သူက အရူးကောင်တစ်ယောက်ပါပဲ ..စိတ်ထဲမထားနဲ့.."

"အင်း..မင်း သူ့ကိုစိတ်၀င်စားနေတာတော့ မဟုတ်ဘူးမလား.."

"ဂျေး...!"

"အာ ဆောရီးကင် ဒီတိုင်း မင်းက သူ့ကိုnicknameတေတောင် ပေးထားတော့ ငါကမေးကြည့်တာပါ ဟဲဟဲ"

ဂျေးပြောမှ စဉ်းစားမိသည်၊ကင်သူ့ကို nicknameပေးထားသလို ဖြစ်နေတာပဲ...
ပြီးတော့ အရူးကောင်တဲ့ ကျစ် ကလေးဆန်ချင်နေပြန်ပြီလား ကင်!..

"ကောင်းတဲ့ နာမည်မှ မဟုတ်ပဲ ဂျေး! ပြီးတော့ ငါသူ့ကိုစိတ်မ၀င်စားဘူး ဟုတ်ပြီလား ဂျေး! မင်းပြန်တော့.."

ကင်က ထိုသို့သော လူစားမျိုး...အခုပဲ လာခိုင်းပြီး အခုပဲပြန်ခိုင်းသည့် ဂျစ်ကန်ကန်အဆိုးလေး..
ဒီလို ဆိုးသွမ်းမှု ဒဏ်ကိုခံနိုင်လို့လဲ ဂျေးက ကင့်ရဲ့ သူငယ်ချင်း ဖြစ်လာခဲ့သည်မလား....

တွေးရင်း ကင်နဲ့ သူနဲ့စတွေ့ခဲ့သည့် အချိန်ကိုတောင် သတိရမိသည်၊..
တွေ့ဆုံခြင်းက မလှပပေမယ့် ဒါက ကင်နဲ့ သူ့ရဲ့ အမှတ်တရထဲက တစ်ခုမလား...။

ထို့နေ့က...

ဂျေးတစ်ယောက် အတန်းဖျက်ကာ ကောင်မလေးတစ်ယောက်နဲ့ ချိန်းထားသည့် နေရာကို သွားမည့် အချိန်တွင် ဝုန်းဒိုင်းကြီး ရွာချလာသည့် မိုးကြောင့် အနီးနားရှိ တနေရာတွင် အမှီအခိုပြုလိုက်သည်။...

 HURTWhere stories live. Discover now