TWENTY

701 48 11
                                    

HURT

ရက်ကနေ လ၊လကနေနှစ်အထိ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလို့အရာရာဟာပြောင်းလဲသွားလေပြီ။ကင်စံအိမ်ကြီးမှာ အရင်တုန်းကထက် အစောင့်အကျပ်တွေပိုများလာပြီ။
ပိုပြီးထူးခြားတာက စံအိမ်ကြီးရဲ့သခင်က ကင်တစ်ယောက်တည်းသာ။
စံအိမ်အတွင်းပိုပြီးတိုးတက်လာတဲ့အရာကတော့ ပန်းဉယာဉ်လေးတစ်ခုပင်...။
ကင်ကုမ္ပဏီဆိုလျှင်လည်း အရင်ကထက်ကိုပို၍နာမည်ရလာပြီး ကိုးရီယားနိုင်ငံရဲ့ အတိုးတက်ဆုံးကုမ္ပဏီတွေထဲ နံပါတ်3တောင် ချိတ်လေသည်။
ဒီလိုအရာရာတွေပြောင်းလဲနေတာနှင့် အမျှ ကင်စံအိမ်ကြီးရဲ့သခင်ဖြစ်တဲ့ကင်ကကော ပြောင်းလဲသွားမယ်ထင်လား။

"အဒေါ်ကြီး...ဒေစီပန်းတွေကို နေ့တိုင်းရေလောင်းရဲ့လား.."

"ဟုတ်ကဲ့ လောင်းပါတယ်..သခင်လေး.."

အခုအနေအထားကတော့ အဝါရောင် T-Shirt လက်ရှည်ကိုတံတောင်ဆစ်အထိခေါက်တင်ထားကာ အဖြူရောင်Pantလေးကို၀တ်ဆင်ထားသည့် ကင်သခင်လေးက ပန်းပင်တွေကို စိုက်ပျိုးဖို့အတွက် တာ၀န်ချထားတဲ့ အဒေါ်ကြီးအား ညွန်ကြား‌နေခြင်းဖြစ်သည်။

အရင်တုန်းက အနီရောင်ဆံနွယ်တွေအစား အညိုရောင်ဆံနွယ်တို့က အစားထိုးလို့ထားသည်။ကော်ဖီခွက်ကိုကိုင်ထားတဲ့ လက်သွယ်သွယ်လေးရဲ့ ပိုင်ရှင်က အရင်ကထက် အများကြီးအေးစက်သွားသလို အများကြီးလဲ လှနေခဲ့သည်။
ဒီလိုအရာရာပြောင်းလဲသွားတဲ့ ကင်မှာ မပြောင်းလဲသေးတဲ့အရာလေးတွေတော့ ရှိနေပါသေးသည်။ထိုသည်ကတော့ညို့ယူနိုင်စွမ်းရှိသောမျက်၀န်း၀ိုင်းတစ်စုံနှင့် သူတစ်ယောက်တည်းအတွက်သာ ဖွင့်ဟထားတဲ့ နှလုံးသားတံခါးလေး။

"သခင်လေးကင်က အများကြီးပြောင်းလဲသွားတာပဲ"

"ဟုတ်တယ် အရင်ကလို မဆိုးတော့ပေမယ့် အရမ်းကြီးစကားနည်းပြီး အေးစက်စက်နဲ့..။
အို ပြောရင်း ကြက်သိမ်းတွေတောင်ထလာပြီ ...."

"ဟေ့ ဟိုကောင်မလေးနှစ်ယောက်...ကိုယ့်အလုပ်ကိုလုပ်ကြ ဘာတေတီးတိုးပြောနေတာလဲ သခင်လေးကင်မြင်ရင် နင်တို့တော့ အလုပ်ပြုတ်တော့မယ် အော် ငါ့နှယ်!"

 HURTWhere stories live. Discover now